Category Archives: သားသတ်လွတ်ဟင်း

ထိုင်ဝမ်မုန့်ညင်းရွက်ကြော်

ထိုင်ဝမ်မုန့်ညင်းရွက်ကြော်

ထိုင်ဝမ်မုန်ညှင်းရွက်ကြော် မြန်မာနိုင်ငံမှာ မုန်ညှင်းမျိုးစိတ်အမျိုးမျိုးရှိပါတယ်။ မုန်ညှင်းအချိုနဲ့ အခါးဆိုပြီးတော့လည်း ကွဲပြားပါသေးတယ်။ ဒီနေ့တင်ပြမည့် မုန်ညှင်းကတော့ အရပ်ထဲမှာအလွယ်ခေါ်ကြတဲ့ ထိုင်ဝမ်မုန်ညှင်းရွက်ကြော်ပဲဖြစ်ပါတယ်။သားသတ်လွတ်ဟင်းလျာအနေနဲ့လည်း စားသုံးနိုင်မှာဖြစ်ပါတယ်နော်။ ထိုင်ဝမ်မုန်ညှင်းရွက်ကြော်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့- မုန့်ညင်း ၁ စည်း ကြက်သွန်နီ ၁ လုံး ဆီ ဟင်းစားဇွန်း ၁ ဇွန်း ဆား အနည်းငယ် အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့်အနည်းငယ် ငရုတ်သီးစိမ်း ၅ တောင့် လိုအပ်မှာဖြစ်ပါတယ်။ ပြုလုပ်ပုံအဆင့်အဆင့် မုန့်ညင်းအခက်များကို တစ်ဖတ်ချင်းခွာ၍ ရေဖြင့် သေချာစွာ ဆေး၍ လှီးဖြတ်ထားပါ။ အခက်အလက်တွေကြားထဲမှာသဲတွေပါတတ်လို့ပါနော်။ ကြက်သွန်နီကို အခွံခွာ၍ ရေဆေးပြီး ပါးပါလှီးထားပါ။ ငရုတ်သီးစိမ်းများကို နှစ်ခြမ်းခြမ်းထားပါ။ မုန့်ညင်းကြော်မည့် ဒယ်အိုးထဲသို့ ဆီထည့်ပါ။ ဆီပူလာပါက လှီးထားသော ကြက်သွန်နီများ ထည့်၍ နွမ်းအောင် ကြော်ပါ။…
Read more

ပိန်းနှဲသီးဆူးပုတ်ဟင်း

ပိန်းနှဲသီးဆူးပုတ်ဟင်း

အများအားဖြင့် ဆူးပုတ်ရွက်ကို ကြက်ဥနဲ့ကြော်ပြီးချက်စားတတ်ကြတဲ့အပြင် ဟင်းချိုအနေနဲ့ ချက်စားတတ်ကြပေမဲ့ ပိန်းနှဲသီးနုနုလေးနဲ့ ချက်စားလို့ရတယ်ဆိုတာကို ဟင်းချက်ဝါသနာရှင် များကို တင်ပြပေးချင်ပါတယ်။ ပိန်းနှဲသီး၊ ဆူးပုတ်ဟင်းလေးဟာ ဝါတွင်းကာလမှာ သားသတ် လွတ်စားတဲ့ပုဂ္ဂိုလ်များအတွက် စားသုံးလို့ရမည့် ဟင်းတစ်မယ်လည်းဖြစ်ပါတယ်နော်။ ပိန်းနှဲသီး၊ ဆူးပုတ်ဟင်းအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့- ပိန်းနှဲသီး ၂ ကွင်း ဆူးပုတ် ၂ စည်း ကြက်သွန်နီ ၁ လုံး ခရမ်းချဉ်သီး ၁ ခြမ်း အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ဆီ ဟင်းစားဇွန်း(၂)ဇွန်း ဆား အနည်းငယ် ဟင်းချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့် အနည်းငယ်လိုအပ်မှာဖြစ်ပါတယ်။ ပြုလုပ်ပုံ အဆင့်အဆင့် ပိန်းနှဲသီး၊ ဆူးပုတ်ဟင်း မချက်ခင်မှာ ပိန်းနှဲသီးကို အလယ်အူများ ဖယ်ပြီး အတုံးငယ်များတုံး၍ ရေဆေးထားပါ။…
Read more

ကုလားပဲနှပ်

ကုလားပဲနှပ်

ပါဝင်ပစ္စည်းများ ကုလားပဲနို့ဆီဘူးတစ်ဝက် ဂျင်းအနည်းငယ် ကြက်သွန်ဖြူအနည်းငယ် ဆီအနည်းငယ် ကုလားပဲအားရေစင်အောင်ဆေးကြောပါ။ချက်ပြုတ်မည့်အိုးထဲသို့ရေအနည်းငယ်ထည့်ပါ။ရေဆူပွက်လာလျှင် ကုလားပဲကိုထည့်ပါ။ကုလားပဲအိလာစေရန် မိနစ်(၂၀)ခန့်ပြုတ်ပါ။ကုလားပဲအိလာရင်ဆယ်ယူပါ။ထို့နောက်ဒယ်အိုးထဲသို့ ဆီထည့်ပါ။ဆီကျတ်လာလျှင် ငရုတ်သီးအရောင်မှုန့်၊ကြက်သွန်ဖြူ၊ဂျင်းတို့ဖြင့် ဆီသတ်ပါ။ကုလားပဲကိုထည့်ပြီးမွှေပါ။ဆီပြန်လာလျှင် မဆာလာအနည်းငယ်ထည့်ပြီး အနံအရသာနှင့်ပြည့်စုံသော ကုလားပဲနှပ်ကိုသုံးဆောင်နိုင်ပါပီ။
Read more

ပဲငပိကြော်

ပဲငပိကြော်

ပါဝင်ပစ္စည်းများ ပဲငပိ ဆီ ငရုတ်သီးအရောင်တင်မှုန့် ကြက်သွန်နီ ခရမ်းချဉ်သီး နံနံပင်(သို့မဟုတ်)ပင်စိမ်း ငရုတ်သီးစိမ်း အချိုမှုန့်(သို့မဟုတ်)ဟင်းခတ်မှုန့် ဆား
Read more