fbpx

Monthly Archives: August 2022

ဖိုလ်ဝင်တောင်မျှစ်သုပ်

ဖိုလ်ဝင်တောင်မျှစ်သုပ်

ဒီနေ့တင်ပြမည့် ဟင်းလျာမှာ သားသတ်လွတ်ဟင်းလျာအဖြစ်လည်း စားသုံးနိုင်မည့် ဖိုလ်ဝင်တောင်မျှစ်သုပ်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် တောတောင်ထူထပ်တဲ့နေရာများတွင် ဒေသအလိုက် ထွက်ရှိသည့် မျှစ်အမျိုးမျိုးရှိပြီး အမည်နာမ အမျိုးမျိုးဖြင့်လည်း ကျော်ကြားကြပါသည်။ ယခုတင်ပြမည့် အသုပ်တွင် အသုံးပြုမည့် မျှစ်မှာ အညာဒေသ ရှေးဟောင်းသမိုင်းဝင်နေရာတစ်ခုဖြစ်သော ဖိုလ်ဝင်တောင်ဒေသက ထွက်ရှိသည့် မျှစ်ကို အသုံးပြုသွားမည်ဖြစ်ပါသည်။ ဖိုလ်ဝင်တောင်မျှစ်သည် မိုးတွင်းတွင်သာ ရရှိနိုင်သော မျှစ်ဖြစ်ပြီး ဖိုလ်ဝင်တောင်မျှစ်ချဉ်ကလည်း နာမည်ကျော်ကြားလှပါသည်။ ဖိုလ်ဝင်တောင်ဒေသက ထွက်ရှိသော မျှစ်စိမ်းများကို ရေနွေးပွက်ပွက်ဆူတွင် ပြုတ်လိုက်ပါက သဘာဝအလျောက် ရရှိသည့် အနီရောင်အဆင်းရှိပြီး သေးငယ်သည့် နီနီရဲရဲ အဖူးငယ် မျှစ်များကို စားချင့်သဖွယ် မြင်တွေ့ရမည်ဖြစ်ပေသည်။ မျှစ်သုပ်ပြုလုပ်ရာတွင် လိုအပ်သည့် ပစ္စည်းများမှာ -  မျှစ် (၃)ဖူး၊ မြေပဲဆားလှော် ထမင်းစားဇွန်း(၂)ဇွန်း၊ နှမ်းလှော် ထမင်းစားဇွန်း(၁)ဇွန်း၊   ဗမာကြက်သွန်ဖြူ…
Read more