fbpx

Monthly Archives: January 2021

မုန့်လက်ကောက်ကြော်

မုန့်လက်ကောက်ကြော်

မုန့်လက်ကောက်ကြော်ကို အပြင်မှာဝယ်စားရင် ဆီ သန့် မသန့်စိတ်ပူရတာရယ် မုန့်မှာ ဆန်ကြမ်းများရင် မာတောင့်တောင့်နဲ့ဆိုရင် စားရတာ အရသာသိပ်မတွေ့တာမို့ ကျမကတော့ အိမ်မှာပဲ ကိုယ့်စိတ်ကြိုက်လုပ်စားလေ့ရှိတယ်။ မု့န်လက်ကောက်မှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေကလည်း လွယ်လွယ်ကူကူပဲ ဈေးမှာသော်လည်းကောင်း City Mark တွေမှာလည်း အလွယ်တကူဝယ်လို့တယ်ဆိုတော့လေ။ ဒါ့ကြောင့် ဟင်းချက်ဝါသနာရှင်တွေအတွက်လည်း အိမ်မှာ မြန်မာ့ရိုးရာစားစရာမုန့်တစ်မျိုးဖြစ်တဲ့ မုန့်လက်ကောက်ကို အိမ်မှာလုပ်စားလို့ရအောင် မုန့်လက်ကောက်ပြုလုပ်နည်းလေးကိုဝေမျှချင်ပါတယ်။ အခုတင်ပြတဲ့ ပါဝင်ပစ္စည်း ထည့်တဲ့အချိုးကတော့ မိသားစု ၃/၄ယောက်စာ စားဖို့အတွက် မုန့်လုပ်ရာမှာထည့်တဲ့ ပါဝင်ပစ္စည်းအချိုးအဆပဲဖြစ်ပါတယ်။ မုန့်လက်ကောက် လုပ်မယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့ ပါဝင်ပစ္စည်းတွေလိုအပ်မှာဖြစ်ပါတယ်- ကောက်ညှင်းမှုန့် ဟင်းစားဇွန်း(၈)ဇွန်း ဆန်မှုန့်အစိမ်း ဟင်းစားဇွန်း(၄)ဇွန်း ထန်းလျက်(၈)လုံး ဆီ ဟင်းစားဇွန်း (၁၀)ဇွန်း ဆားအနည်းငယ် လိုအပ်မှာ ဖြစ်ပါတယ်။ ပထမဆုံး ကောက်ညှင်းမှုန့်နဲ့ ဆန်မှုန့်နဲ့ ဆားအနည်းငယ်တို့ကို…
Read more

သင်္ဘောဖူးသုပ်

သင်္ဘောဖူးသုပ်

သင်္ဘောပင်မှာ အဖိုပင်နဲ့ အမပင်ဆိုပြီးပေါက်လေ့ရှိတဲ့အထဲမှာ အဖိုပင်ကတော့ အပွင့်တွေတော့လှိုင်လှိုင်ပွင့်ပေမဲ့ အသုံးမဝင်ဘူးထင်ကြတဲ့သူတွေအတွက် သင်္ဘောဖိုအဖူးသုပ်သုပ်နည်းလေးကို မျှဝေချင်ပါတယ်။ သင်္ဘောအဖူးအရသာက ခါးသက်သက်အရသာတော့ ရှိပါတယ်။ သင်္ဘောအဖူး အပွင့်ကို သုပ်စားရင်လည်း သွေးတိုးရောဂါကို သက်သာစေတယ်လို့ ဆိုပေမဲ့လည်းတန်ဆေး လွန်ဘေးဆိုတဲ့စကားပုံကိုလည်း မေ့ထားလို့မရဘူးပေါ့။ သင်္ဘောဖူးသုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့- သင်္ဘောအဖူး ၅ခက်ခန့် မြေပဲထောင်း ဟင်းစားဇွန်း (၃)ဇွန်း ကြက်သွန်ဖြူဆီချက် (၄)ဇွန်း ဆားအနည်းငယ် အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့်အနည်းငယ် လိုအပ်မှာဖြစ်ပါတယ်နော်။ သင်္ဘောအဖူး အပွင့်တွေကို ရေဆေးထားပြီး ရေနွေးဆူဆူအိုးထဲသို့ မိနစ်(၁၀)မိနစ် ခန့်ကြာ အနည်းငယ် နူးအိအောင်ပြုတ်ပါ။ ပြုတ်ထားပြီးတဲ့ သင်္ဘောအဖူး အပွင့်များကို ရေအေးနဲ့(၃/၄)ထပ်ခန့် ရေများများဖြင့် ရေဆေးပြီး ဇကာတစ်ခုဖြင့်စစ်ထားပါ။ ကြက်သွန်ဖြူ ဆီချက်ထားပါ။ မြေပဲကြော် ထောင်းထားပါ။ ပြုတ်ထားသော သင်္ဘောအဖူး အပွင့်များကို…
Read more