fbpx

About Us

A Few Words About Us

about-1

မြန်မာလက်ရာ ဟင်းချက်နည်းများ Website ကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်၍ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ဝန်းကျင်တွင် ချက်ပြုတ်စားသုံးကြသော အစားအစာများ၊ ဟင်းတွဲဟင်းစပ်များ၊ ဒေသထွက်ကုန်များအပေါ် အခြေပြု၍ ချက်ပြုတ်ထားသည့် ဟင်းလျာများကို တင်ပြထားခြင်း ဖြစ်ပါသည်။

အညာဒေသသို့ မရောက်ဖူးသေးသည့် ဟင်းချက်ဝါသနာပါသူများ အတွက်လည်းကောင်း၊ အိမ်ရှင်မများအတွက်လည်းကောင်း အညာဒေသ ချက်နည်း ချက်ဟန်များကို လိုက်ပါချက်ပြုတ်နိုင်စေရန် ရည်ရွယ်ပါသည်။ နေ့စဉ်ချက်ပြုတ်နေရသည့် အိမ်ရှင်မများအနေဖြင့် ယခု Website တွင် တွဲဖက်ပေးထားသော ဟင်းအတွဲအစပ်များကို လိုက်ပါချက်ပြုတ်ပြီး မိမိတို့ အိမ်သူ အိမ်သားများအတွက် ပြင်ဆင်ပေးခြင်းဖြင့် ခံတွင်းမြိန်စေမည့် ဟင်းလျာများ ဖြစ်မည်ဟု ယုံကြည်ပါသည်။

အချို့သော ဟင်းလျာများသည် အလွယ်တကူ ချက်ပြုတ်နိုင်ပြီး ဟင်းတွဲဟင်းစပ်များအတွက် ဖော်ပြထားခြင်းသာ ဖြစ်ပါသည်။ အစားအစာများ ချက်ပြုတ် စားသုံးကြရာတွင် ရာသီဥတုနှင့် ကိုက်ညီသော အစားအစာများ ဖြစ်ရန် လိုအပ်ပြီး ကျန်းမာရေးနှင့် လျော်ညီသော အစားအစာများဖြစ်ရန်လည်း အရေးကြီးပါသည်။ ထို့အပြင် မိမိတို့ကြိုက်နှစ်သက်သော အစားအစာများဖြစ်ရန် လိုအပ်ပြီး ဟင်းတွဲဟင်းစပ်များ လျော်ညီမှသာ ခံတွင်းမြိန်စေမည် ဖြစ်ပါသည်။ ယခု Website တွင် အညာဒေသတွင် တွဲဖက်စားသုံးလေ့ရှိကြသော ဟင်းတွဲဟင်းစပ်များကို ဖော်ပြပေးထားပါသည်။

မီးဖိုချောင်ဝင်ကြသော အိမ်ရှင်မများအနေဖြင့် အများဆုံးတွေ့ ကြုံရသော အခက်အခဲမှာ မိမိတို့ မိသားစုအတွက် ကျန်းမာရေးနှင့်ညီညွှတ်ပြီး ဟင်းလျာများ မထပ်စေရန် အမြဲကြံဆနေရခြင်း၊ ဟင်းတွဲဟင်းစပ်များလည်း ကြံဆနေရခြင်း၊ အချို့သောအိမ်ရှင်မများသည် ကုန်ကျစရိတ်သက်သာပြီး အရသာရှိသော ဟင်းလျာများကို ဖန်တီးလိုခြင်း စသည့် အခက်အခဲများစွာရှိကြပါသည်။

ယခု Website တွင်ဖော်ပြထားသော အညာဒေသ ချက်ပြုတ်နည်းများနှင့် ဟင်းတွဲဟင်းစပ်နည်းများကို ကြိုက်နှစ်သက်ပါက မိမိတို့ ကိုယ်တိုင် ပြန်လည်ချက်ပြုတ်ခြင်းဖြင့် အရသာရှိသော အညာဒေသ ဟင်းလျာများကို ဖန်တီးနိုင်မှာ ဖြစ်ပါသည်။

What We Offer

မြန်မာလက်ရာ ဟင်းချက်နည်းများ Website သည် အညာဟင်းလျာများကို ဖန်တီး ချက်ပြုလိုသူ တက်သစ်စ ဟင်းချက်ဝါသနာရှင်များအတွက် ရည်ရွယ်ထားပါသည်။

ယခု Website တွင် တွဲစပ်ပေးထားသော ဟင်းအတွဲအစပ်များသည်လည်း ဟင်းချက်ဖန်တီးသူများအတွက် အချိန်ကုန်ခံ စဉ်းစားရန် မလိုအပ်ဘဲ တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။ ထို့ပြင် အသား၊ ငါးဟင်းများကို နေ့စဉ် စားသုံးနေရ၍ ငြီးငွေ့သူများအတွက် ယခု Site တွင် ဖော်ပြထားသော အရံဟင်းလျာများကို နမူနာယူ၍ ချက်ပြုတ်စားသုံးနိုင်မည်ဖြစ်သည်။