fbpx

Category Archives: အသား၊ ငါး ဟင်း

ငါးပိုးကြော်

ငါးပိုးကြော်

ငါးပိုးက ရာသီမရွေး ရရှိနိုင်တဲ့အစားအစားမျိုးမဟုတ်ဘဲ သီတင်းကျွတ်မှ တန်ခူး၊ ကဆုန်လအထိ ရနိုင်တဲ့ ရာသီစာ အစားအစာလေးပါ။ ငါးပိုးက မျှင်ကောင်လိုမျိုး၊ တွင်းပိုးလိုမျိုး အကောင်သေးသေးလေးမို့ ခြင်ထောင်ပိုက်နဲ့ ဆွဲချပြီး ဖမ်းကြသလို အချို့ကလည်း ယက်သဲ့လို့ခေါ်တဲ့ဇကာနဲ့တိုက်ဖမ်းတယ်လို့ သိရှိမှတ်သားရပါတယ်။ ငါးပိုးကို မုံရွာ၊ စစ်ကိုင်းတစ်ဝိုက်မှာပဲ ရရှိနိုင်ပြီး အဲ့ဒီ ငါးပိုးဆိုတာ သဘာဝအတိုင်းရတဲ့ သေးသေးမှုံမှုံအင်းဆက်ပိုးတစ်မျိုးဖြစ်ပါတယ်။  ဒါ့ကြောင့် မန္တလေး-စစ်ကိုင်း-မုံရွာလမ်းမှာရှိတဲ့ ညောင်ပင်ဝန်းထမင်းဆိုင်တန်းတွေမှာ တခါပြင် ထမင်းဆိုင်တွေမှာ အတော်များများတွေ့ရလေ့ရှိပါတယ်။ ဒီတော့ အဲ့ဒီငါးပိုးကို ဘယ်လိုကြော်မလဲ ကြည့်ရအောင်နော်။ ငါးပိုးကြော်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့- ငါးပိုး  ၁၀ သား ကြက်သွန်ဖြူ  ၁၀မွှာ ဂျင်း လက်တစ်ဆစ်ခန့် အချိုမှုန့် အနည်းငယ် ဆားအနည်းငယ် ဆီတို့လိုအပ်မှာဖြစ်ပါတယ်။ ငါးပိုးကြော်ပြုလုပ်နည်း ငါးပိုးဟာ အကောင်အင်မတန်သေးလွန်းတာကြောင့် သူ့နဲ့အတူပါလာမည့် အမှိုက်တွေ၊…
Read more

ဆိတ်သားခြောက် ခရမ်းချဉ်သီး ဆီပြန်ဟင်း

ဆိတ်သားခြောက် ခရမ်းချဉ်သီး ဆီပြန်ဟင်း

ဆိတ်သားစားချင်သော်လည်း ညှီနံ့ကြောက်လို့ ချက်မစားဖြစ်ကြတဲ့သူတွေအနေနဲ့ Ready Made ပြုလုပ်ထားတဲ့ ဆိတ်သားခြောက်ကို မီးကင်စားလို့ရတယ်၊ ကြော်စားလို့ရတယ်။ ဒါ့အပြင် ဟင်းအနှစ်နဲ့ချက်စားလို့ ရပါသေးတယ်နော်။ ဒါ့ကြောင့် ဒီနေ့မှာတော့ Ready Made ပြုလုပ်ထားတဲ့ ဆိတ်သားခြောက်ကို ခရမ်းချဉ်သီးနဲ့ ဆီပြန်ချက်စားလို့ရကြောင်းကို တင်ပြပေးမှာဖြစ်ပါတယ်။ ပါဝင်ပစ္စည်းများ ဆိတ်သားခြောက် ၈ ချောင်းခန့် ခရမ်းချဉ်သီး ၅ လုံး ကြက်သွန်နီအလုံးကြီး ၃လုံး ဗမာကြက်သွန်ဖြူ ၅မွှာ အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ဆီ ၅ ကျပ်သား ဆား အနည်းငယ် အချိုမှုန့်  သို့မဟုတ် ဟင်းခတ်မှုန့် အနည်းငယ် ပြုလုပ်ပုံအဆင့်ဆင့် ဆိတ်သားခြောက်ကို အတုံးငယ်လေးများ ဖြစ်အောင် ပါးပါးလှီးထားပြီး ရေဆေးထားပါ။ ခရမ်းချဉ်သီးကို ရေဆေး၍ လှီးထားပါ။ ဟင်းချက်တဲ့နေရာမှာ…
Read more

ဝက်သားသရက်ချဉ်ဆီပျံဟင်း

ဝက်သားသရက်ချဉ်ဆီပျံဟင်း

အသားမှာဝက်၊ အသီးမှာသရက်၊ အရွက်မှာလက်ဖက်လို့တင်စားရလောက်အောင် ဝက်သားဟာ မြန်မာလူမျိုးအများစု ကြိုက်နှစ်တဲ့အသားတစ်မျိုးပါ။ ဝက်သားကို အမျိုးမျိုးချက်ပြုတ် ကြော်လှော် စားသောက်လို့ရတာကိုလည်း ဟင်းချက်ဝါသနာရှင်တွေသိရှိပြီးဖြစ်မှာပါ။ အချို့လူတွေကတော့ ဝက်သားဆိုရင် အဆီလေးနဲ့အရသာ ပိုရှိတယ်လို့ ဆိုကြပါတယ်။ ဝက်သားကို အဆီနဲ့လည်း စားချင်တယ်၊ အီမှာလည်းစိုးရိမ်ကြတဲ့သူတွေအတွက် ဝက်သားကို သရက်ချဉ်လေးနဲ့ အအီပြေအောင် ချက်စားတဲ့နည်းလေးကို ဝေမျှချင်ပါတယ်နော်။ ဝက်သား သရက်ချဉ်ချက်အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ ဝက်သား ၁၅ ကျပ်သား သရက်ချဉ် ၇ ကျပ်ခွဲသား(အထုပ်သေး (၁)ထုပ်) ငပိ အနည်းငယ် အရောင်တင်မှုန့် အနည်းငယ် ကြက်သွန်နီ ၁ လုံး ခရမ်းချဉ်သီး ၁ လုံး ဆီ ဟင်းစားဇွန်း ၅ ဇွန်းခန့် ဆား အနည်းငယ် အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့်…
Read more

ကြက်သားဂွေးတောက်ချက်

ကြက်သားဂွေးတောက်ချက်

ကြက်သားကို ဆီပြန်ဟင်းတွေချက်စားရတာ ရိုးနေတဲ့ ဟင်းချက်ဝါသနာရှင်တွေအတွက် ကြက်သားဂွေးတောက်ဟင်းချက်နည်းလေးကို ဝေမျှချင်ပါတယ်နော်။ ကြက်သား ဂွေးတောက်ဟင်းရည်ဆိုရင်တော့ စားသောက်ဆိုင်တွေမှာလည်း အမျိုးသားအများစု မှာစားလေ့ရှိကြတဲ့ ဟင်းတစ်မယ်လည်းဖြစ်ပါတယ်နော်။ ကြက်သားဂွေးတောက်ဟင်းချက်ဖို့အတွက်ဆိုရင် - ကြက်သား(၁၀)သား၊ ဂွေးတောက်ရွက်(၅)ကျပ်သား၊ ကြက်သွန်နီ(အလုံးသေး) ၅ လုံး၊ ခရမ်းချဉ်သီး(၁)လုံး၊ ကြက်သွန်ဖြူ(ဗမာ) (၅)မွှာ၊ ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်စားဇွန်းတစ်ဝက်ခန့်၊ ဆားအနည်းငယ်၊ ဟင်းချိုမှုန့် သို့မဟုတ် ကြက်သားမှုန့်အနည်းငယ်၊ ဆီဟင်းစားဇွန်း(၁)ဇွန်းတို့ လိုအပ်မှာဖြစ်ပါတယ်နော်။ ပြုလုပ်ပုံအဆင့်ဆင့် ကြက်သားများကို အတုံးငယ်များဖြစ်အောင် တုံးပြီး ရေဆေးကာ ဆားအနည်းငယ်ဖြင့် နယ်၍ နှပ်ထား ပါ။ ဂွေးတောက်ရွက်ကို အရွက်ရင့်/ကြမ်းများ မပါရှိစေရန် ဖယ်၍ ရေဆေးပြီး စစ်ထားပါ။ ကြက်သွန်နီ၊ ခရမ်းချဉ်သီးများ လှီးထားပါ။ ကြက်သွန်ဖြူ ထောင်းထားပါ။ ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်ပြီး ဆီပူလာပါက ငရုတ်သီးအရောင်တင်မှုန့်နှင့် လှီးထားသော…
Read more