Category Archives: အကြော်မျိုးစုံ

အာလူးကတ်သလိပ်ကြော်

အာလူးကတ်သလိပ်ကြော်

အာလူးကို အသားနဲ့ ရောပြီး ချက်တယ်၊ သုပ်စားကြတဲ့အပြင် ကြော်နည်းအမျိုးမျိုးနဲ့ကြော်စားကြတဲ့အထဲမှာမှ အာလူးကတ်သလိပ်ကြော်နည်းလေးကို ဝေမျှချင်ပါတယ်။ အာလူးကတ်သလိပ်ကြော်ကို သတ်သတ်လွတ်ဟင်းအနေနဲ့စားလို့ရတဲ့အပြင် ကိုယ့်ရဲ့ သားသား မီးမီးလေးတွေကိုလည်း သွားရည်စာအနေနဲ့ ကျွေးလို့ရပါတယ်နော်။ ပါဝင်ပစ္စည်းတွေအနေနဲ့ကတော့ အာလူး ၂၅ ကျပ်သား ဂျုံမှုန့် ဟင်းစားဇွန်း ၃ ဇွန်း ဆား အနည်းငယ် ဆီ ၁၀ သား ပြုလုပ်ပုံ အဆင့်အဆင့် အာလူးများကို ရေဖြင့် စင်ကြယ်စွာ ဆေးကြော်၍ ပြုတ်ပါ။ ထို့နောက် ပြုတ်ထားသော အာလူးများကို အခွံနွှာ၍ ထောင်းပါ။ ထောင်းထားသော အာလူးများကို ဆား၊ ဂျုံမှုန့် အနည်းငယ်တို့ဖြင့် နှံ့စပ်အောင် နယ်ပါ။ ထို့နောက် အပြားငယ်များ ပြုလုပ်ကာ ဂျုံမှုန့်များဖြင့် လိမ်းကျံ၍ ပန်းကန်တစ်ခုအတွင်းသို့ ထည့်ထားပါ။ ကြော်မည့်အိုးထဲသို့…
Read more

ရှမ်းပြောင်းဖူးကြော်

ရှမ်းပြောင်းဖူးကြော်

ပြောင်းဖူးဆိုရင်တော့ ရှမ်းပြောင်းဖူးနဲ့ သကြားပြောင်းဖူးဆိုပြီး (၂)မျိုးရှိပါတယ်။ ရှမ်းပြောင်းဖူး ကတော့ စေးစေးလေးနဲ့ ဝါးလိုက်ရင် ထုပ်ထုပ်လေးမို့ လူကြိုက်များကြသလိုပဲ သကြားပြောင်းဖူးကလည်း နူးညံပြီး အရသာက အချိုကဲတာမို့ အကြိုက်တွေ့ကြပြန်ပါတယ်။ ဒီနေ့တော့ ရှမ်းပြောင်းဖူးလေးကို ကြက်ဥနဲ့ အပြားငယ်ပုံစံလေးလုပ်ပြီး ကြော်တဲ့နည်းလေးကို တင်ပြချင်ပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ ရှမ်းပြောင်းဖူး ၅ ဖူး သကြား ဟင်းစားဇွန်း ၁ ဇွန်း ကြက်ဥ ၁ လုံး ဆီ ၅ ကျပ်သား ဆား အနည်းငယ်တို့ပဲဖြစ်ပါတယ်။ ပြုလုပ်ပုံ အဆင့်အဆင့် ရှမ်းပြောင်းဖူးများကို အခွံခွာပြီး ပြောင်းဖူးအမွှေးများကို ဖယ်ရှားပါ။ ထို့နောက် ရေဆေးပြီး ခြစ်ဖြင့် ခြစ်ပါ။ ကြက်ဥကို ဖောက်၍ ပန်းကန်တစ်ခုထဲတွင် နှံ့စပ်အောင် မွှေထားပါ။ ထို့နောက်ခြစ်ထားသော ပြောင်းဖူးများထဲသို့  ကြက်ဥ၊…
Read more

ပြောင်းဖူးကြော်

ပြောင်းဖူးကြော်

ပါဝင်ပစ္စည်းများ သကြားပြောင်းဖူး(၂)ဖူး ကြက်ဥ(၃)လုံး ကြက်သွန်နီ(၁)လုံး ဆားအနည်းငယ် ဆီအနည်းငယ်     ချက်ပြုတ်ပုံအဆင့်ဆင့် ချက်ပြုတ်မည့်အိုးထဲသို့ ဆီထည့်ပါ။ဆီကျတ်လာလျှင် ကြက်သွန်နီထည့်ပြီး ဆီသတ်ပါ။ပြောင်းဖူးကို လှီးပြီး ကြိတ်စက်ထဲသို့ ရေအနည်းငယ်ထည့်ကာ ထည့်ကြိတ်ပါ။ကြိတ်ထားသောပြောင်းဖူးကို ဒယ်အိုးထဲသို့ ထည့်ပြီးမွှေပါ။မိနစ်အနည်းငယ်ကြာအောင် မွှေပါ။အဝါရောင်သမ်းလာလျှင်ကြက်ဥကို ထည့်ပြီးမွှေပါ။ ဆားအနည်းထည့်ပါ။ထို့နောက် မိနစ်အနည်းငယ်ခန့်မျှထားပြီး နံနံပင်ထည့်ကာ အရသာရှိသော ပြောင်းဖူးကြော်ကို သုံးဆောင်နိုင်ပာပီ။ မှတ်ချက်။ ။သကြားပြောင်းဖူးမှ သဘာဝအချိုဓာတ်ရှိဖြစ်သဖြင့် ဟင်းချိုမှုန့် ထည့်ရန်မလိုပါ။
Read more

ပဲလှော်ကြော်

ပဲလှော်ကြော်

ပါဝင်ပစ္စည်းများ ဆီ ဟင်းစားဇွန်း(၃)ဇွန်း ပဲနီလှော် နို့ဆီဘူးဝက်ခန့် ကြက်သွန်ဖြူ (၂လုံး) ဆား အနည်းငယ် အချိုမှုန့်(သို့မဟုတ်) ဟင်းခတ်မှုန့် အနည်းငယ်       ပြုလုပ်ပုံအဆင့်ဆင့် ကြက်သွန်ဖြူများ အခွံနွှာပြီး ထောင်းပါ။ ကြော်မည့်အိုးထဲသို့ ဆီများထည့်ပါ။ဆီကျက်ပါက ပဲနီလှော်များထည့်ပါ။အနည်းငယ်နှံ့စပ်အောင်မွှေပြီးပါက ထောင်းထားသော ကြက်သွန်ဖြူအားထည့်ပြီးမွှေပါ။ ထို့နောက် ဆား၊အချိုမှုန့်(သို့မဟုတ်)ဟင်းခတ်မှုန့် အနည်းငယ်ထည့်ပါ။ကြက်သွန်ဖြူများ ရွှေဝါရောင်သန်းလာပါက ဒယ်အိုးချပြီး အသင့်စားသုံးနိုင်ပါပြီ။
Read more