fbpx

Category Archives: အထောင်းမျိုးစုံ

ငပိထောင်း

ငပိထောင်း

မြန်မာလူမျိုး အများစုကတော့ ထမင်းစားတဲ့အချိန်မှာ အသား၊ ငါးဟင်းတွေထက် ချဉ်၊ ငန်၊ စပ် အရသာများပါဝင်ရင် ထမင်းမြိန်မြိန် စားဝင်ကြပါတယ်။ ဒါ့ကြောင့် အလုပ်ရှုပ်တဲ့ အိမ်ရှင်မတွေအတွက် အလုပ်လည်းသိပ်မရှုပ်ဘဲ အိမ်သူအိမ်သားတွေလည်း ထမင်းစားလို့ ခံတွင်းတွေ့စေမည့် ငပိထောင်းနည်းလေးကို မျှဝေချင်ပါတယ်။ ပါဝင်ပစ္စည်းများ ငပိထောင်းဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ ငပိ ဟင်းစားဇွန်းတစ်ဇွန်းခန့်( မိမိအိမ်ရဲ့ မိသားစုဝင် အနည်း/အများနဲ့ ၎င်းတို့ရဲ့ ကြိုက်နှစ်သက်မှုအပေါ် မူတည်၍ ပမာဏခန့်မှန်းပါ)၊  ငရုတ်သီးစိမ်း ၁၅ တောင့်( အစပ်ကြိုက်နှစ်သက်ပါက ငရုတ်သီးပိုမိုထည့်သုံးနိုင်ပါသည်) ပုစွန်ခြောက် လက်ဖက်စားဇွန်းနဲ့ တစ်ဇွန်း ပြုလုပ်ပုံအဆင့်ဆင့် ပါဝင်ပစ္စည်းတွေစုံပြီဆိုရင်တော့ ပုစွန်ခြောက်ကို (၃)မိနစ်ခန့်ရေစိမ်လိုက်ပါ။ ပြီးရင် ဇကာတစ်ခုနဲ့ဆယ်ထားပါ။ ငရုတ်သီးစိမ်းများကို ရေဆေး၍ အညှာများ ဖယ်ထားပြီး ‌ရေစစ်ထားပါ။ ရေမစစ်ထားမိရင် ငပိထောင်းတဲ့အခါ အရည်တွေနဲ့ စိုစွတ်ပြီး…
Read more

အညာငရုတ်သီးထောင်း

အညာငရုတ်သီးထောင်း

အညာဒေသဖြစ်တဲ့ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ကျေးရွာကထွက်တဲ့ငရုတ်သီးက အင်မတန်စပ်တာကြောင့် အညာဒေသမှာတော့ နာမည်ကြီးလွန်းလှပါတယ်။ စပ်လွန်းလှတဲ့ ငရုတ်သီးကို ကြက်သွန်နီနဲ့ပေါင်းပြီးထောင်းလိုက်ရင်တော့ သိပ်မစပ်တော့ဘဲ စားလို့ခံတွင်းတွေ့လှပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ ငရုတ်သီးထောင်းနည်းလေးဝေမျှချင်ပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ ငရုတ်သီးအခြောက်တောင့် ၁၅တောင့် (ငရုတ်သီးအခြောက်တောင့် မရနိုင်ရင်တော့ ငရုတ်သီးအကြမ်းမှုန့် ဟင်းစားဇွန်း(၃)ဇွန်းခန့်ထည့်ပါ) ကြက်သွန်နီ(၃) လုံး ဆားအနည်းငယ် ဆီ ဟင်းစားဇွန်း(၃)ဇွန်း ပြုလုပ်ပုံအဆင့်ဆင့် ငရုတ်ဆုံထဲသို့ ငရုတ်သီးအခြောက်တောင့်များကို အလယ်ချိုးကြည့်ပြီး မှိုမတွေ့မှသာ ခွက်တစ်ခုထဲသို့ ထည့်၍ ရေဆေးပြီး ရေစစ်ထားပါ။ ကြက်သွန်နီအခွံနွှာ၍ လေးစိတ်ခွဲထားပါ။ ထို့နောက် ထောင်းမည့် ငရုတ်ဆုံထဲသို့ ရေဆေးထားသော ငရုတ်သီးခြောက်နှင့် ကြက်သွန်နီ လေးစိတ်ခွဲလှီးထားတာကို ထည့်ပါ။ ဆားထည့်ပြီး မညပ်တညက်ထောင်းပါ။ ထောင်းပြီးပါက ပန်းကန်ထဲသို့ ထည့်၍ ဆီလောင်းပြီး စားသုံးနိုင်မည်ဖြစ်ပါသည်။ ငရုတ်သီးက ကြက်သွန်နီနဲ့…
Read more