fbpx

Monthly Archives: October 2018

ဆိတ်သားခြောက် ခရမ်းချဉ်သီး ဆီပြန်ဟင်း

ဆိတ်သားခြောက် ခရမ်းချဉ်သီး ဆီပြန်ဟင်း

ဆိတ်သားစားချင်သော်လည်း ညှီနံ့ကြောက်လို့ ချက်မစားဖြစ်ကြတဲ့သူတွေအနေနဲ့ Ready Made ပြုလုပ်ထားတဲ့ ဆိတ်သားခြောက်ကို မီးကင်စားလို့ရတယ်၊ ကြော်စားလို့ရတယ်။ ဒါ့အပြင် ဟင်းအနှစ်နဲ့ချက်စားလို့ ရပါသေးတယ်နော်။ ဒါ့ကြောင့် ဒီနေ့မှာတော့ Ready Made ပြုလုပ်ထားတဲ့ ဆိတ်သားခြောက်ကို ခရမ်းချဉ်သီးနဲ့ ဆီပြန်ချက်စားလို့ရကြောင်းကို တင်ပြပေးမှာဖြစ်ပါတယ်။ ပါဝင်ပစ္စည်းများ ဆိတ်သားခြောက် ၈ ချောင်းခန့် ခရမ်းချဉ်သီး ၅ လုံး ကြက်သွန်နီအလုံးကြီး ၃လုံး ဗမာကြက်သွန်ဖြူ ၅မွှာ အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ဆီ ၅ ကျပ်သား ဆား အနည်းငယ် အချိုမှုန့်  သို့မဟုတ် ဟင်းခတ်မှုန့် အနည်းငယ် ပြုလုပ်ပုံအဆင့်ဆင့် ဆိတ်သားခြောက်ကို အတုံးငယ်လေးများ ဖြစ်အောင် ပါးပါးလှီးထားပြီး ရေဆေးထားပါ။ ခရမ်းချဉ်သီးကို ရေဆေး၍ လှီးထားပါ။ ဟင်းချက်တဲ့နေရာမှာ…
Read more

ငပိထောင်း

ငပိထောင်း

မြန်မာလူမျိုး အများစုကတော့ ထမင်းစားတဲ့အချိန်မှာ အသား၊ ငါးဟင်းတွေထက် ချဉ်၊ ငန်၊ စပ် အရသာများပါဝင်ရင် ထမင်းမြိန်မြိန် စားဝင်ကြပါတယ်။ ဒါ့ကြောင့် အလုပ်ရှုပ်တဲ့ အိမ်ရှင်မတွေအတွက် အလုပ်လည်းသိပ်မရှုပ်ဘဲ အိမ်သူအိမ်သားတွေလည်း ထမင်းစားလို့ ခံတွင်းတွေ့စေမည့် ငပိထောင်းနည်းလေးကို မျှဝေချင်ပါတယ်။ ပါဝင်ပစ္စည်းများ ငပိထောင်းဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ ငပိ ဟင်းစားဇွန်းတစ်ဇွန်းခန့်( မိမိအိမ်ရဲ့ မိသားစုဝင် အနည်း/အများနဲ့ ၎င်းတို့ရဲ့ ကြိုက်နှစ်သက်မှုအပေါ် မူတည်၍ ပမာဏခန့်မှန်းပါ)၊  ငရုတ်သီးစိမ်း ၁၅ တောင့်( အစပ်ကြိုက်နှစ်သက်ပါက ငရုတ်သီးပိုမိုထည့်သုံးနိုင်ပါသည်) ပုစွန်ခြောက် လက်ဖက်စားဇွန်းနဲ့ တစ်ဇွန်း ပြုလုပ်ပုံအဆင့်ဆင့် ပါဝင်ပစ္စည်းတွေစုံပြီဆိုရင်တော့ ပုစွန်ခြောက်ကို (၃)မိနစ်ခန့်ရေစိမ်လိုက်ပါ။ ပြီးရင် ဇကာတစ်ခုနဲ့ဆယ်ထားပါ။ ငရုတ်သီးစိမ်းများကို ရေဆေး၍ အညှာများ ဖယ်ထားပြီး ‌ရေစစ်ထားပါ။ ရေမစစ်ထားမိရင် ငပိထောင်းတဲ့အခါ အရည်တွေနဲ့ စိုစွတ်ပြီး…
Read more

မန်ကျည်းသီးမှည့် အချည်ရည်

မန်ကျည်းသီးမှည့် အချည်ရည်

မန်ကျည်းသီးမှည့်အချည်ရည်ကို အသီးအရွက်တွေကို ဆန်မှုန့်နဲ့ ကြော်တဲ့ အကြော်စုံတွေမှာ တွဲဖက်စားသုံးလေ့ရှိကြပါတယ်။ ဒါ့အပြင် စာရေးသူ ငယ်စဉ်က မန္တလေးဘက်မှာရှိတဲ့ အရင် ဈေးချို တော်ကြီးဘေးနားက လမ်းဘေးမှာရောင်းတဲ့ ကြာဆံကြော်ကို မန်ကျည်းသီးမှည့်အချဉ် ရည်နဲ့ ငရုတ်သီးလှော်ထောင်းနဲ့ နယ်ပြီး စာခဲ့ဖူးတာ အမှတ်ရမိပါတယ်။ ဒါ့ကြောင့် ဟင်းချက် ဝါသနာရှင်များအနေနဲ့လည်း အခွင့်ကြုံရင်လုပ်စားကြည့်ပါ။ အချဉ်ရည်ကလည်း အစပ်အဟပ် တည့်မှသာ စားလို့ကောင်းတာမို့ မန်ကျီးသီးမှည့် အချဉ်ရည်ပြုလုပ်နည်းလေးကို မျှဝေချင်ပါတယ်။ မန်ကျည်းသီးမှည့်အချည်ရည် ပြုလုပ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းများကတော့- မန်ကျည်းသီးမှည့် ဟင်းစားဇွန်း ၁ ဇွန်းခန့် ဆား အနည်းငယ် ထန်းလျက် အညို(သေး) ၃ လုံး ကြက်သွန်ဖြူ ၅ မွှာ နံနံပင် ၃ ပင် ဂေါ်ဖီထုတ် အနည်းငယ် ငရုတ်သီးစိမ်း…
Read more

အာလူးကတ်သလိပ်ကြော်

အာလူးကတ်သလိပ်ကြော်

အာလူးကို အသားနဲ့ ရောပြီး ချက်တယ်၊ သုပ်စားကြတဲ့အပြင် ကြော်နည်းအမျိုးမျိုးနဲ့ကြော်စားကြတဲ့အထဲမှာမှ အာလူးကတ်သလိပ်ကြော်နည်းလေးကို ဝေမျှချင်ပါတယ်။ အာလူးကတ်သလိပ်ကြော်ကို သတ်သတ်လွတ်ဟင်းအနေနဲ့စားလို့ရတဲ့အပြင် ကိုယ့်ရဲ့ သားသား မီးမီးလေးတွေကိုလည်း သွားရည်စာအနေနဲ့ ကျွေးလို့ရပါတယ်နော်။ ပါဝင်ပစ္စည်းတွေအနေနဲ့ကတော့ အာလူး ၂၅ ကျပ်သား ဂျုံမှုန့် ဟင်းစားဇွန်း ၃ ဇွန်း ဆား အနည်းငယ် ဆီ ၁၀ သား ပြုလုပ်ပုံ အဆင့်အဆင့် အာလူးများကို ရေဖြင့် စင်ကြယ်စွာ ဆေးကြော်၍ ပြုတ်ပါ။ ထို့နောက် ပြုတ်ထားသော အာလူးများကို အခွံနွှာ၍ ထောင်းပါ။ ထောင်းထားသော အာလူးများကို ဆား၊ ဂျုံမှုန့် အနည်းငယ်တို့ဖြင့် နှံ့စပ်အောင် နယ်ပါ။ ထို့နောက် အပြားငယ်များ ပြုလုပ်ကာ ဂျုံမှုန့်များဖြင့် လိမ်းကျံ၍ ပန်းကန်တစ်ခုအတွင်းသို့ ထည့်ထားပါ။ ကြော်မည့်အိုးထဲသို့…
Read more