Category Archives: အရည်သောက်

ကြာဆံချက်

ကြာဆံချက်

ကြာဆံချက်ကို အလှူမင်္ဂလာမွေးနေ့ပွဲတွေမှာ ဧည့်ခံကျွေးမွေးဖို့အတွက်သော်လည်းကောင်း၊ မိမိအိမ်မှာ မိသားစုနဲ့ ချက်ပြုတ်စားသောက်ဖို့အတွက်သော်လည်းကောင်း ချက်ပြုတ်လေ့ရှိကြပါတယ်။ ဒီလိုချက်ပြုတ်ရာမှာ ပါဝင်ပစ္စည်းတွေ၊ ထည့်ချက်ရမည့် ပမာဏတွေဟာ အချိန်အဆ မှန်ကန်မှသာ ပြည့်စုံကောင်းမွန်တဲ့ဟင်းပွဲတစ်ပွဲ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့် ကြာဆံချက် ချက်ပြုတ်ရာမှာ ပါဝင်ပစ္စည်းတွေနဲ့ ချက်ပြုတ်နည်းအဆင့်ဆင့်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပါဝင်ပစ္စည်းများ ပဲကြာဆံ ၁၀ ကျပ်သား ကြွက်နားရွက်မှို(မှိုခြောက်) ၅ပွင့် ပဲလိပ်ခြောက် အနည်းငယ် ကြက်သွန်နီ ၁ လုံး ငုံးဥ ၁၀ လုံး ဗမာကြက်သား ၅တုံး ခရမ်းချဉ်သီး ၁လုံး ပဲဆီ ၂ ဇွန်း(ဟင်းစားဇွန်း) ဆား အနည်းငယ် အချိုမှုန့် (သို့မဟုတ်) ဟင်းခတ်မှုန့် အနည်းငယ် ပြုလုပ်ပုံအဆင့်ဆင့် ကြာဆံချက်အတွက် လိုအပ်သော ပဲကြာဆံ၊ ကြွက်နားရွက်မှို၊ ပဲလိပ်ခြောက်တို့ကို…
Read more

ဘူးသီးချဉ်ရည်

ဘူးသီးချဉ်ရည်

သာမန်အားဖြင့် ဘူးသီးကို ဟင်းခါး/ဟင်းချို ချက်စားလေ့ရှိကြသလို ကြက်သားနဲ့ရောပြီး ကြက်/ဘူးဆိုပြီး ချက်စားလေ့ရှိကြပါတယ်။ ဒါပေမဲ့ ဘူးသီးကို ချဉ်ရည်ဟင်းအနေနဲ့ ချက်စားလို့ ရတယ်ဆိုတာကိုတော့ အချို့သူတွေက မသိကြဘူးလို့ ထင်ပါတယ်။ ဒါ့ကြောင့် ထမင်းမြိန်စေမည့် ဘူးသီးချဉ်ရည်ချက် နည်းလေးကို ဝေမျှပါရစေနော်။ ဘူးသီးချဉ်ရည်ဟင်းက ချက်ရတာလည်း လွယ်ကူရိုးရှင်းသလို ထမင်းစားကောင်းမည့် ဟင်းတစ်ခွက်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုရင် မြန်မာအများစုကတော့ အသား၊ငါးဟင်းတွေ မပါချင်နေပါစေ၊ ချဉ်၊ ငန်၊ စပ်အရသာလေးသာ ပါလို့ကတော့ ထမင်းစားမြိန်တတ်ကြတဲ့ လူမျိုးတွေမို့လား :D :D ကဲ ဒါဆို ဘူးသီးချဉ်ရည်လေးကို စချက်ကြည့်ကြရအောင် ဘူးသီးချဉ်ရည်ချက်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ - ဘူးသီးအရွယ်တော် (၂) စိပ် ခရမ်းချဉ်သီးကိုင်းသီး (ဗမာသီး) (၇)လုံး ငပိ မန်ကျီးစေ့(၁)စေ့ခန့် နံနံပင်အနည်းငယ် ဆားအနည်းငယ်…
Read more

ဘူးရွက်ဟင်းချို

ဘူးရွက်ဟင်းချို

ပါဝင်ပစ္စည်းများ ဘူးရွက်(၂)စည်း နံနံပင်(၁)တစ်စည်း ငပိအနည်းငယ် ပုဇွန်ခြောက် အနည်းငယ် ကြက်သွန်နီ(၁)လုံး ဆားအနည်းငယ် ဟင်းခပ်မှုန့် (သို့) ဟင်းချိုမှုန့်အနည်းငယ် ဆီ ထမင်းဇွန်း(၂)ဇွန်း ပြုလုပ်ပုံအဆင့်ဆင့် အိုးထဲသို့ ရေထည့်ပါ။ငပိ၊ပုဇွန်ခြောက်၊ကြက်သွန်နီတို့ကို ထည့်ပါ။ဆား၊ဟင်းခပ်မှုန့်တို့ကို ထည့်ပါ။ရေပွက်ပြီး အနံမွှေးလာလျှင် ဘူးရွက်နှင့် နံနံပင်တို့ကိုထည့်ပါ။ဟင်းရွက်တို့ ဆူပွက်လာလျှင် အရသာရှိသော ဘူးရွက်ဟင်းချိုကို သုံးဆောင်နိုင်ပာပီ။
Read more

မန်းကျည်းရွက်နှင့်ဒန့်သလွန်သီးချဉ်ရည်

မန်းကျည်းရွက်နှင့်ဒန့်သလွန်သီးချဉ်ရည်

ပါဝင်ပစ္စည်းများ မန်းကျည်းသီး(၁၀)သား ဒန့်သလွန်သီး(၅)တောင့် ငပိအနည်းငယ် ဆီ ထမင်းစား(၁)ဇွန်း ဆားအနည်းငယ် ဟင်းချိုမှုန့်(သို့)ဟင်းခပ်မှုန့် အနည်းငယ် ကြက်သွန်နီတစ်လုံး ခရမ်းချဉ်သီးတစ်လုံး ပြုလုပ်ပုံအဆင့်ဆင့် ချက်မည့်အိုးထဲသို့ ဆီထည့်ပါ။ထို့နောက် ငပိထည့်ပါ။ကြက်သွန်နီကိုရေဆေးပြီးလှီးပါ။ပြီးနောက် အိုးထဲသို့ထည့်ပြီး မွှေပါ။မိနစ် အနည်းငယ်မျှ အုံထားပါ။ပွက်လာလျှင် လှီးဖြတ်ထားသော ဒန့်သလွန်သီးကိုထည့်ပာ။ဒန့်သလွန်သီးအိလာလျှင် ပန်းကန်ထဲသို့ထည့်ကာ စားသုံးနိုင်ပါပီ။
Read more