fbpx

Monthly Archives: March 2013

မျှစ်ဆတ်ဟင်း

မျှစ်ဆတ်ဟင်း

မိုးဦးကာလမျှစ်စိမ်းတွေ တွေ့ရင် ဘယ်လိုချက်စားရမှန်းမသိတဲ့ ဟင်းချက်ဝါသနာရှင်များအတွက် အထက်အညာဒေသမှာ ချက်စားလေ့ရှိတဲ့ မျှစ်ဆတ်ဟင်း ခေါ် မျှစ်စိမ်းဟင်း ချက်နည်းလေးကို ဝေမျှချင်ပါတယ်နော်။ ဆီပြန်ဟင်းတွေကို ရိုးအီနေတဲ့သူများအတွက်တော့ ဆီနည်းပြီး မျှစ်စိမ်းနုနုရဲ့ သဘာဝအချိုလေးကို ဆန်လှော်လေးနဲ့ ချက်စားနိုင်တဲ့အကြောင်းကို တင်ပြပေးမှာဖြစ်ပါတယ်။ မျှစ်ဆတ်ဟင်း ချက်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ မျှစ်စိမ်း ၃ ချောင်း ကြက်သွန်နီ ၁ လုံး ခရမ်းချဉ်သီး အသေး ၁ လုံး ပုဇွန်ခြောက် ဟင်းစားဇွန်း ၁ ဇွန်း လုံးသွယ်မွှေးဆန် သို့မဟုတ် ပေါ်ဆန်းမွှေးဆန် ဟင်းစားဇွန်း ၁ ဇွန်း နနွင်းမှုန့်အနည်းငယ် ဆားအနည်းငယ် ဟင်းချိုမှုန့် သို့မဟုတ် ကြက်သားမှုန့် လဖက်ရည်ဇွန်း တစ်ဝက် ပင်စိမ်းရွက် သို့မဟုတ် ရှမ်းနံနံ ၅ ခက်…
Read more