fbpx

Category Archives: သားသတ်လွတ်ဟင်း

ကုလားပဲနှပ်

ကုလားပဲနှပ်

ကျမတို့ အညာဒေသဘက်မှာတော့  အချို့သော မင်္ဂလာဆောင်တွေမှာ ဝက်သားဆီပြန်ချက်၊ ရွာကထွက်တဲ့ ကုလားပဲနှပ်နဲ့ ပဲတီစိမ်းကို အပင်ဖောက်ထားတဲ့ ပဲပင်ပေါက်အချဉ်နဲ့ ငရုတ်သီးကြော်၊ မှန်ရောင်ဟင်းချို စသဖြင့် ဧည့်ခံကျွေးမွေးလေ့ရှိပါတယ်။ ထမင်းကျွေးတဲ့ မင်္ဂလာဆောင်ဆိုရင်တော့ ဝက်သားချက်ကလည်း အိုးကြီးချက်ဆိုတော့ ရွာလုံးကျွတ် မီးခိုးတိတ် အားပေးကြတာပေါ့။ အဲ့ဒီမင်္ဂလာဆောင်တွေမှာ ကျွေးတဲ့ ကုလားပဲနှပ်နည်းလေးကို ဝေမျှချင်ပါတယ်နော်။ ကုလားပဲကို ပဲကုလားသီးစုံဟင်း၊ ကုလားပဲနဲ့ ကြာဆံဟင်းချိုဆိုပြီးလည်း ချက်လို့ရပါသေးတယ်နော်။ ကုလားပဲနှပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေကတော့ ကုလားပဲနို့ဆီဘူးတစ်ဝက် ငရုတ်သီးအရောင်တင်မှုန့် မန်ကျည်းစေ့တစ်စေ့ခန့် ဂျင်းလက်တစ်ဆစ်ခန့် ကြက်သွန်ဖြူ(၃)မွှာ( အမွှာကြီး) မဆလာ အနည်းငယ် ဆီ ဟင်းစားဇွန်း (၆)ဇွန်း ဆားအနည်းငယ် အချိုမှုန့်အနည်းငယ်လိုအပ်မှာဖြစ်ပါတယ်။   ပြုလုပ်ပုံအဆင့်ဆင့် ပထမဦးဆုံး ပဲနှပ်မည့် ကုလားပဲကို သဲနှင့် ဖုန်များ အမှိုက်များမပါရှိအောင် ရေဖြင့် (၃)ကြိမ်ခန့်…
Read more

ပဲငပိကြော်

ပဲငပိကြော်

ပဲငပိဆိုရင် ဈေးကွက်ထဲမှာ တရုတ်ပဲငပိနဲ့ ဗမာပဲငပိဆိုပြီး ရှိပါတယ်။ တရုတ်ပဲငပိကတော့ ရှမ်းအစားအစာတွေဖြစ်တဲ့ ရှမ်းခေါက်ဆွဲ၊ မြီးရှည်နဲ့ အခြားတရုတ်အစားအစာတွေမှာ ထည့်သွင်းအသုံးပြုလေ့ရှိပါတယ်။ ဗမာပဲငပိကို အချို့နေရာတွေမှာတော့ ပဲပုတ်ချက်လို့လည်း နေရာဒေသပေါ်မူတည်ပြီး ချက်ပုံချက်နည်းတွေလည်း အနည်းငယ်ကွာခြားပါတယ်။ အခုချိန်မှာတော့ ဈေးကွက်မှာကော ကိုရီးယားမင်းသားမင်းသမီးတွေရဲ့ ဒရမ်မာစီးရီးတွေထဲမှာ စားသောက်ပြနေလို့ ကိုရီယားပဲငပိချဉ်စပ်ဟင်းရည်ကတော့ မသိသူမရှိသလောက်ဖြစ်မှာပါ။ ကျမတို့မုံရွာဒေသဘက်မှာတော့ ရေဦးပဲငပိက အင်မတန်နာမည်ကြီးလှပါတယ်။ ပဲပုတ်ကို ဆားနဲ့နယ်ပြီး အပုတ်ခံပြီး ပြုလုပ်ထားတာဖြစ်လို့ သူ့အနံ့က ကြိုက်တဲ့သူအတွက်တော့ မွှေးပေမဲ့ မကြိုက်တဲ့သူအတွက် အနံ့ပြင်းလွန်းလှပါတယ်။ အညာဒေသဖြစ်တဲ့ ရေဦးမြို့ကထွက်တဲ့ ပဲငပိကို အစိုလည်းချက်စားကြသလို ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအကြမ်းမှုန့်တွေနဲ့နယ်ပြီးတော့လည်း ပဲငပိခြောက်လှန်းပြီး ပဲငပိပြားကြော် သို့မဟုတ် ပဲငပိခြောက်ကြော်အနေနဲ့လည်း ပြုလုပ်စားသောက်လေ့ရှိကြပါတယ်။ ဒီနေ့တင်ပြမည့် ပဲငပိချက်ကတော့ ရေဦးမြို့ကထွက်တဲ့ ပဲငပိကို အညာဒေသမှာ အထူးသဖြင့် မုံရွာနယ်တဝိုက်မှာ…
Read more