Category Archives: အရံဟင်း

ကင်းပုံသီးမျှစ်ကြော်

ကင်းပုံသီးမျှစ်ကြော်

ကင်းပုံသီးဆိုရင် အချိုနဲ့အခါးဆိုပြီး (၂)မျိုးရှိပါတယ်။ ကင်းပုံသီးအခါးမျိုးက မြန်မာ့ဆေးကျမ်း များရဲ့‌ဖော်ပြချက်အရ  အလွန်ခါးတယ်၊ အေးပြီး ဝမ်းသက်စေတယ်၊ ချောင်းဆိုးသွေးအန်ခြင်းနှင့် သွေးကျခြင်းကိုပျောက်စေတယ်၊ ခန္ဓာကိုယ်ကြီးထွားသန်မာမှု၊ အရိုးနှင့်သွားများတည်ဆောက်မှု ကို အားပေးတယ်၊ အာရုံကြောများကို လန်းဆန်းစေတယ်၊ သလိပ်နှင့်လေကိုကြေစေတယ်၊ ဆီးချိုရောဂါရှိသူများနဲ့ သင့်လျော်တယ်၊ အညစ်အကြေး ဆီး ၊ဝမ်းများကို သက်စေတယ်လို့ ဖော်ပြ ထားတာကိုတွေ့ဖူးပါတယ်။ အခုချက်မည့် ကင်းပုံသီးမျှစ်ကြော်မှာတော့ ကင်းပုံသီးအခါးကိုပဲ အသုံးပြုသွားမှာပါ။ အစာလည်း ဆေး၊ ဆေးလည်းအစာဆိုသလိုနှုတ်မြိန်ပြီး ဆေးဖက်လည်းဝင်ပြီး စားလို့မြိန်မည့် ကင်းပုံသီးမျှစ် ကြော်ချက်နည်းလေးကို တင်ပြလိုက်ပါတယ်နော်။ ကင်းပုံသီးမျှစ်ကြော်ချက်ဖို့ဆိုရင် လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကင်းပုံသီး (အခါး) ၁၂ လုံးခန့် မျှစ် ၂ ချောင်း ပုဇွန်ခြောက် (အကောင်ကြီး ၆ ကောင်ခန့်) ငရုတ်သီးမှုန့် ဟင်းစားဇွန်း ၁…
Read more

ခရမ်းချဉ်သီးငပိချက်

ခရမ်းချဉ်သီးငပိချက်

ငပိကတော့ မြန်မာလူမျိုးတွေရဲ့ နှစ်သက်ခုံမင်တဲ့ အစားအစာတစ်ခုပါ။ ငပိချက်ကို အသား ငါး၊ အသီးအနှံတွေနဲ့လည်း ရောပြီး ချက်စားလေ့ရှိကြပါသေးတယ်။ မြန်မာလူမျိုးတွေ နိုင်ငံခြား ကို ရောက်နေပြီဆိုရင်တော့  မြန်မာပြည်ရဲ့ဘယ်အစားအစာကို အလွမ်းဆုံးလဲဆိုရင် ငပိချက်၊ ငပိရည်၊ လက်ဖက်သုပ်၊ မုန့်ဟင်းခါးစသဖြင့် အများစုက ဖြေကြမှာမလွဲပါဘူးနော်။ ဒီနေ့မှာ တော့ ခရမ်းချဉ်သီးငပိချက် ဆီပြန်ဟင်း ချက်နည်းလေး ဝေမျှချင်ပါတယ်။ ခရမ်းချဉ်သီး ငပိချက် အတွက် လိုအပ်မည့် ပစ္စည်းတွေကတော့- ခရမ်းချဉ်သီး(၅)လုံး ကြက်သွန်နီ(၅ )လုံး ငပိ လက်ဖက်စားဇွန်း(၁)ဇွန်းခန့် ပုဇွန်ခြောက် ဟင်းစားဇွန်း(၁)ဇွန်း ငရုတ်သီးကြမ်းမှုန့် ဟင်းစားဇွန်း(၁)ဇွန်း နံနံပင်(၅)ပင် ငရုတ်သီးအစိမ်း(၅)တောင့် ဆီ ဟင်းစားဇွန်း(၃)ဇွန်း ဆား ဟင်းချိုမှုန့် သို့မဟုတ် ကြက်သားမှုန့်တို့ လိုအပ်ပါတယ်နော်။ ပြုလုပ်ပုံအဆင့်ဆင့် ခရမ်းချဉ်သီး၊ ကြက်သွန်နီတို့ကိုရေဆေး၍ လှီးထားပါ။…
Read more

ကုလားပဲနှပ်

ကုလားပဲနှပ်

ပါဝင်ပစ္စည်းများ ကုလားပဲနို့ဆီဘူးတစ်ဝက် ဂျင်းအနည်းငယ် ကြက်သွန်ဖြူအနည်းငယ် ဆီအနည်းငယ် ကုလားပဲအားရေစင်အောင်ဆေးကြောပါ။ချက်ပြုတ်မည့်အိုးထဲသို့ရေအနည်းငယ်ထည့်ပါ။ရေဆူပွက်လာလျှင် ကုလားပဲကိုထည့်ပါ။ကုလားပဲအိလာစေရန် မိနစ်(၂၀)ခန့်ပြုတ်ပါ။ကုလားပဲအိလာရင်ဆယ်ယူပါ။ထို့နောက်ဒယ်အိုးထဲသို့ ဆီထည့်ပါ။ဆီကျတ်လာလျှင် ငရုတ်သီးအရောင်မှုန့်၊ကြက်သွန်ဖြူ၊ဂျင်းတို့ဖြင့် ဆီသတ်ပါ။ကုလားပဲကိုထည့်ပြီးမွှေပါ။ဆီပြန်လာလျှင် မဆာလာအနည်းငယ်ထည့်ပြီး အနံအရသာနှင့်ပြည့်စုံသော ကုလားပဲနှပ်ကိုသုံးဆောင်နိုင်ပါပီ။
Read more

ပုဇွန်ခြောက်ငရုတ်သီးကြော်

ပုဇွန်ခြောက်ငရုတ်သီးကြော်

ပါဝင်ပစ္စည်းများ ကြက်သွန်နီ(၃)လုံး ပုဇွန်ခြောက်အကောင်ကြီး(၁၀)ကောင် ငရုတ်သီးအကြမ်းမှုန့်ထမင်းစားဇွန်း(၃)ဇွန်း ဆားအနည်းငယ် ဟင်းချိုမှုန့်အနည်းငယ် ပြုလုပ်ပုံအဆင့်ဆင့် ကြက်သွန်နီကို အခွံနွှာ ရေဆေးပြီး ပါးပါးလှီးပါ။အိုးထဲကိုဆီထည့်ပါ။ဆီကျတ်လာလျှင် လှီးထားသောကြက်သွန်နီကိုထည့်ပာ။အဝါရောင်သမ်းသည်အထိ ကြော်ပါ။ပုဇွန်ခြေက်ကိုထောင်းပြီး ထောင်းထားသောပုဇွန်ခြောက်ကိုထည့်ပြီးမွှေပါ။နောက်ဆုံးတွင် ငရုတ်သီးမှုန့်ကိုထည့်ပါ။အနံမွှေးလာလျှင် အရသာကောင်းသော ငရုတ်သီးပုဇွန်ခြောက်ကြော်ကို သုံးဆောင်နိုင်ပါသည်။
Read more