fbpx

Monthly Archives: October 2018

ဗုံလုံသီးဝက်သားအစာသွတ်ချက်

ဗုံလုံသီးဝက်သားအစာသွတ်ချက်

ဗုံလုံသီးကို ကျမတို့ဒေသဘက်မှာတော့ ပဲလင်းမြွေသီးလို့လည်း ခေါ်ပါတယ်။ ဗုံလုံသီး သီးတဲ့အခါ အုပ်မိုးထားတဲ့ အရွက်များအောက်မှာ တွဲလောင်းကျပြီး သီးတာကြောင့် အမှတ်တမဲ့ကြည့်ရင် မြွေနှင့်ခပ်ဆင်ဆင်တူပါတယ်။ အသီးရဲ့အရွယ်အစားကလည်း အလျားလိုက် ရှည်ထွက်ပြီးသီးတတ်သလို  တစ်ခါတစ်ရံမှာ ခွေပတ်တွန့်လိမ်ပြီးသီးတဲ့အပြင်  အစိမ်းရောင်အသီးပေါ်မှာ အစိမ်း နုရောင်နဲ့  အဖြူရောင် အကြောင်အကျားတွေပါလေ့ရှိလို့ ကျမတို့အရပ်ဒေသမှာတော့ ဗုံလုံသီးကို ပဲလင်းမြွေသီးလို့ပဲ ခေါ်တယ်လို့ သိရပါတယ်။ ဗုံလုံသီးမှာ အမျှင်ဓာတ်၊ အရည်ဓာတ် ပါဝင်မှုများသလို သူ့ရဲ့အရသာက ချိုချိုလေးမို့ မြန်မာ လူမျိုးအများစု ကြိုက်နှစ်သက် ကြပါတယ်။ ဗုံလုံသီးအခေါင်းက ခပ်ပွပွမို့ အဲ့ဒီထဲမှာ နှစ်သက်ရာ အသား၊ငါး၊ ပုစွန်တို့ကို အစာသွပ် ချက်နိုင်ပါတယ်နော်။ အခုတင်ပြမည့် ဟင်းကတော့ ဗုံလုံသီးထဲကို ဝက်သားကို အစာသွပ်ချက်နည်းလေးကို တင်ပြသွားမှာဖြစ်ပါတယ်။ ဗုံလုံသီး ဝက်သားအစာသွပ်ချက်ဖို့အတွက် လိုအပ်တဲ့ ပါဝင် …
Read more

မန်းကျည်းရွက်နှင့်ဒန့်သလွန်သီးချဉ်ရည်

မန်းကျည်းရွက်နှင့်ဒန့်သလွန်သီးချဉ်ရည်

မန်ကျည်းရွက်ဆိုရင် ချဉ်ရည်ဟင်းချက်စားလို့ရသလို ၊ မန်ကျည်းရွက်သုပ်၊ မန်ကျည်းရွက်ချက်စသဖြင့် ချက်စားလေ့ရှိကြပါတယ်။  ဒန့်သလွန်သီးကိုတော့ ပဲကုလားဟင်းထဲမှာလည်း ထည့်ချက်ကြသလို ဒန့်သလွန်သီးမီးကင်ပြီးတော့လည်း ဟင်းခါးချက်စားကြသလို ငါးနဲ့တွဲဖက်ပြီးတော့လည်းချက်စားလေ့ရှိကြပါတယ်။ ဒီနေ့မှာတော့ အညာဒေသ အထူးသဖြင့် မုံရွာဒေသဘက်မှာ ချက်စားလေ့ရှိတဲ့ မန်ကျည်းရွက် ဒန့်သလွန်သီးချဉ်ရည်ဟင်းချက်နည်းလေးကိုဝေမျှချင်ပါတယ်။ မန်ကျည်းရွက် ဒန့်သလွန်သီးချဉ်ရည်ဟင်းချက်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့- ဒန့်သလွန်သီး ၅ တောင့် မန်ကျည်းရွက် ၁၀ ကျပ်သား ကြက်သွန်နီ ၁ လုံး ငပိ အနည်းငယ်(မန်ကျီးစေ့ ၁ စေ့ခန့်) ဆားအနည်းငယ် အချိုမှုန့်အနည်းငယ် ဆီ ဟင်းစားဇွန်း(၁)ဇွန်းခန့်လိုအပ်မှာဖြစ်ပါတယ်။ ပြုလုပ်ပုံအဆင့်ဆင့် ဒန့်သလွန်သီးကို လက်သုံးဆစ်ခန့် အရွယ်အစားများဖြတ်၍ အခွံနွှာ ရေဆေးထားပါ။ မန်ကျည်းရွက်ကို အရွက်ကြမ်းများနှင့်အရိုးရင့်များ ဖယ်ထုတ်ပြီး ရေဆေး၍ စစ်ထားပါ။ ကြက်သွန်နီအခွံနွှာပြီး ရေဆေး၍ လှီးထားပါ။ ချဉ်ရည်ဟင်းချက်မည့်အိုးထဲသို့…
Read more

ပဲငပိကြော်

ပဲငပိကြော်

ပဲငပိဆိုရင် ဈေးကွက်ထဲမှာ တရုတ်ပဲငပိနဲ့ ဗမာပဲငပိဆိုပြီး ရှိပါတယ်။ တရုတ်ပဲငပိကတော့ ရှမ်းအစားအစာတွေဖြစ်တဲ့ ရှမ်းခေါက်ဆွဲ၊ မြီးရှည်နဲ့ အခြားတရုတ်အစားအစာတွေမှာ ထည့်သွင်းအသုံးပြုလေ့ရှိပါတယ်။ ဗမာပဲငပိကို အချို့နေရာတွေမှာတော့ ပဲပုတ်ချက်လို့လည်း နေရာဒေသပေါ်မူတည်ပြီး ချက်ပုံချက်နည်းတွေလည်း အနည်းငယ်ကွာခြားပါတယ်။ အခုချိန်မှာတော့ ဈေးကွက်မှာကော ကိုရီးယားမင်းသားမင်းသမီးတွေရဲ့ ဒရမ်မာစီးရီးတွေထဲမှာ စားသောက်ပြနေလို့ ကိုရီယားပဲငပိချဉ်စပ်ဟင်းရည်ကတော့ မသိသူမရှိသလောက်ဖြစ်မှာပါ။ ကျမတို့မုံရွာဒေသဘက်မှာတော့ ရေဦးပဲငပိက အင်မတန်နာမည်ကြီးလှပါတယ်။ ပဲပုတ်ကို ဆားနဲ့နယ်ပြီး အပုတ်ခံပြီး ပြုလုပ်ထားတာဖြစ်လို့ သူ့အနံ့က ကြိုက်တဲ့သူအတွက်တော့ မွှေးပေမဲ့ မကြိုက်တဲ့သူအတွက် အနံ့ပြင်းလွန်းလှပါတယ်။ အညာဒေသဖြစ်တဲ့ ရေဦးမြို့ကထွက်တဲ့ ပဲငပိကို အစိုလည်းချက်စားကြသလို ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအကြမ်းမှုန့်တွေနဲ့နယ်ပြီးတော့လည်း ပဲငပိခြောက်လှန်းပြီး ပဲငပိပြားကြော် သို့မဟုတ် ပဲငပိခြောက်ကြော်အနေနဲ့လည်း ပြုလုပ်စားသောက်လေ့ရှိကြပါတယ်။ ဒီနေ့တင်ပြမည့် ပဲငပိချက်ကတော့ ရေဦးမြို့ကထွက်တဲ့ ပဲငပိကို အညာဒေသမှာ အထူးသဖြင့် မုံရွာနယ်တဝိုက်မှာ…
Read more