fbpx

Monthly Archives: October 2018

ဘူးရွက်ဟင်းချို

ဘူးရွက်ဟင်းချို

ဘူးရွက်ကို သာမန်အားဖြင့် ကြော်စားတတ်ကြလေ့ရှိကြပါတယ်။ ကျမတို့ အညာဒေသ အထူးသဖြင့် မုံရွာနယ်ဘက်မှာ ချက်စားလေ့ရှိတဲ့ ဘူးရွက်ဟင်းချို ချက်နည်းလေးကို ဟင်းချက်ဝါသနာရှင်များအတွက် ဝေမျှချင်ပါတယ်။ ဘူးရွက်ဟင်းချိုကတော့ ချက်ရတာလည်း လွယ်ကူသလို ဆီပါဝင်မှုလည်း နည်းပါတာမို့လို့ ကျန်းမာရေးအတွက်လည်း ပိုပြီးသင့်တော်ပါတယ်နော်။ ဘူးရွက်ဟင်းချို ချက်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ - ဘူးရွက်(၂)စည်း နံနံပင်(၁)တစ်စည်း ငပိ မန်ကျည်းစေ့ခန့် ပုဇွန်ခြောက် လက်ဖက်စားဇွန်း(၁)ဇွန်း ကြက်သွန်နီ(၁)လုံး ဆားအနည်းငယ် ဟင်းခပ်မှုန့် (သို့) ဟင်းချိုမှုန့်အနည်းငယ် ဆီ ထမင်းဇွန်း(၁)ဇွန်း ပြုလုပ်ပုံအဆင့်ဆင့် ပထမဆုံးအနေနဲ့ ဘူးရွက်ကို အရိုးရင့်များ၊ အရွက်ကြမ်းများကို ဖယ်ရှားပါ။ ဈေးကဝယ်လာတဲ့ ဘူးရွက်တွေမှာလည်း ဘူးသီးအနုအသေးလေးတွေလည်းပါလာတတ်တာမို့ အဲ့ဒီအသီးနုလေးတွေလည်း ထည့်ချက်လို့ရပါတယ်နော်။ ဒါ့အပြင် နှာမောင်းတံ(ဘူးနွယ်)လေးတွေကိုလည်း ထည့်ပြီးချက်လို့ရပါတယ်နော်။ ဘူးရွက်၊ ဘူးညွန့်များ သင်ပြီးရင်တော့ ရေဆေးပြီး စစ်ထားပါ။…
Read more

ကုလားပဲနှပ်

ကုလားပဲနှပ်

ကျမတို့ အညာဒေသဘက်မှာတော့  အချို့သော မင်္ဂလာဆောင်တွေမှာ ဝက်သားဆီပြန်ချက်၊ ရွာကထွက်တဲ့ ကုလားပဲနှပ်နဲ့ ပဲတီစိမ်းကို အပင်ဖောက်ထားတဲ့ ပဲပင်ပေါက်အချဉ်နဲ့ ငရုတ်သီးကြော်၊ မှန်ရောင်ဟင်းချို စသဖြင့် ဧည့်ခံကျွေးမွေးလေ့ရှိပါတယ်။ ထမင်းကျွေးတဲ့ မင်္ဂလာဆောင်ဆိုရင်တော့ ဝက်သားချက်ကလည်း အိုးကြီးချက်ဆိုတော့ ရွာလုံးကျွတ် မီးခိုးတိတ် အားပေးကြတာပေါ့။ အဲ့ဒီမင်္ဂလာဆောင်တွေမှာ ကျွေးတဲ့ ကုလားပဲနှပ်နည်းလေးကို ဝေမျှချင်ပါတယ်နော်။ ကုလားပဲကို ပဲကုလားသီးစုံဟင်း၊ ကုလားပဲနဲ့ ကြာဆံဟင်းချိုဆိုပြီးလည်း ချက်လို့ရပါသေးတယ်နော်။ ကုလားပဲနှပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေကတော့ ကုလားပဲနို့ဆီဘူးတစ်ဝက် ငရုတ်သီးအရောင်တင်မှုန့် မန်ကျည်းစေ့တစ်စေ့ခန့် ဂျင်းလက်တစ်ဆစ်ခန့် ကြက်သွန်ဖြူ(၃)မွှာ( အမွှာကြီး) မဆလာ အနည်းငယ် ဆီ ဟင်းစားဇွန်း (၆)ဇွန်း ဆားအနည်းငယ် အချိုမှုန့်အနည်းငယ်လိုအပ်မှာဖြစ်ပါတယ်။   ပြုလုပ်ပုံအဆင့်ဆင့် ပထမဦးဆုံး ပဲနှပ်မည့် ကုလားပဲကို သဲနှင့် ဖုန်များ အမှိုက်များမပါရှိအောင် ရေဖြင့် (၃)ကြိမ်ခန့်…
Read more

ဝက်သားနီချက်

ဝက်သားနီချက်

ဝက်သားနဲ့ပတ်သက်လို့ ဆိုရိုးစကားတစ်ခုကတော့ အသီးမှာ သရက်၊ အရွက်မှာ လက်ဖက် ၊ အသားမှာ ဝက်လို့ ပြောလေ့ရှိပါတယ်။ ဒါ့ကြောင့် ဝက်သားဟင်းဆိုရင် လူကြီး လူငယ်မရွေး အများစုကြိုက်နှစ်သက်တဲ့ အသားတစ်မျိုးလည်းဖြစ်ပါတယ်။ ဝက်သားချက်ရင် အခြားနယ်ဘက်တွေမှာတော့ ဆား၊ ဆနွင်း၊ငံပြာရည်စသဖြင့် ချက်လေ့ရှိပေမဲ့ မုံရွာနယ်တစ်ဝိုက်မှာတော့ ဝက်သားချက်ရင် ကြာညို့ကို အသုံးပြုပြီးချက်လေ့ရှိပါတယ်။ ဝက်သားနီချက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့- ဝက်သား(၂၅)ကျပ်သား ကြာညို့အနည်းငယ် ဆီအနည်းငယ် ဆားအနည်းငယ် ဟင်းချိုမှုန့်(သို့)ဟင်းခပ်မှုန့် အနည်းငယ် ငရုတ်သီးအရောင်တင်မှုန့် အနည်းငယ် ဂျင်းတက်အနည်းငယ် ပြုလုပ်ပုံအဆင့်ဆင့် ဝက်သားကို အနေတော်တုံးလေးများ လှီးပါ။လှီးထားသော ဝက်သားတုံးများကို ရေစင်အောင်ဆေးကြောပါ။ ထို့နောက် ဝက်သားတုံးများကို ကြာညို့အနည်းငယ်၊ဆား၊ဟင်းခပ်မှုန့်အနည်းငယ်တို့ဖြင့် နှပ်ထားပါ။ ဝက်သားနီချက် ချက်မည့ဒယ်အိုးထဲသို့ ဆီကိုအရင်ထည့်ပြီး ဆီကျက်လာပါက ထောင်းထားသော ဂျင်းတက်နှင့်ကြက်သွန်ဖြူ တို့ ထည့်ပြီး ဆီသတ်ပါ။…
Read more

ပုဇွန်ခြောက်ငရုတ်သီးကြော်

ပုဇွန်ခြောက်ငရုတ်သီးကြော်

အချို့သော လူတွေက အစပ်လည်းစားချင်တယ်၊ အများကြီးလည်း မစားနိုင်ကြဘူးဆိုတဲ့သူတွေ အတွက် ပုစွန်ခြောက်ငရုတ်သီးကြော်နည်းလေးကို မျှဝေချင်ပါတယ်နော်။ ပုစွန်ခြောက်ရဲ့ အချို  ဓာတ်ကြောင့် ငရုတ်သီးက အရမ်းကြီးမစပ်တော့ဘဲ ခပ်စိမ့်စိမ့်လေးဖြစ်တာကြောင့် စားပြီးရင် လည်း ဆက်စားချင်နေမှာပါနော်။ ငရုတ်သီးရွေးချယ်မှုကလည်း အရေးကြီးပါတယ်နော်။  ငရုတ်သီးအတောင့်ရှည်မျိုးက စပ်ပေမဲ့ စားပြီးရင် ရင်ထဲမှာ ပူလောင်မှုသိပ်မရှိပေမဲ့ ငရုတ်သီးအပု အသေးမျိုး (တစ်ချို့ကလည်း မိုးပေါ် ကို ထောင်ပြီးသီးလို့ မိုးမျှော်ငရုတ်သီးလို့လည်းခေါ်သေးတယ်) ကတော့ စားပြီးရင် ပူလောင်တဲ့ အရသာကိုပါ ခံစားရလေ့ရှိတာမို့ ငရုတ်သီးရွေးချယ်စားသုံးဖို့လည်း လိုအပ်ပါတယ်နော်။ ဒီနေ့တင်ပြမည့် ပုစွန်ခြောက် ငရုတ်သီးကြော်မှာဆိုရင် ငရုတ်သီးအတောင့်ရှည်မျိုးကို ကြိတ်ပြီး ရလာတဲ့ ငရုတ်သီးမှုန့်ကို အသုံးပြုသွားမှာပါနော်။ ကျမကတော့ ငရုတ်သီးမှုန့်ကိုသုံးရင် ငရုတ်သီးအတောင့်ကို သေချာရွေးချယ်ပြီး ဝယ်ထားတယ်။ ပြီးရင် နေပူပူမှာ ကြွပ်နေအောင် အခြောက်လှန်းတယ်။…
Read more