fbpx

Monthly Archives: October 2018

မန်ကျည်းဖျောသုပ်

မန်ကျည်းဖျောသုပ်

မန်ကျီးရွက်ကို သာမန်အားဖြင့် ချဉ်ရည်ဟင်းနဲ့ မန်ကျီးရွက်အစိမ်းသုပ်ဆိုပြီး စားသုံးလေ့ရှိကြပါတယ်။ အညာဒေသ အထူးသဖြင့် မုံရွာနယ်ဘက်တွေမှာ သုပ်စားလေ့ရှိတဲ့ မန်ကျီးဖျောသုပ်နည်းလေးကို ဝေမျှချင်ပါတယ်နော်။ အညာမန်ကျီးဖျောသုပ်လေးက လုပ်ရတာလွယ်ကူပြီး စားသုံးရာမှာလည်း ခံတွင်းရှင်းတာမို့ အကြိုက်တွေ့မှာသေချာပါတယ်နော်။ မန်ကျီးဖျောသုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ မန်ကျည်းရွက် ၅ ကျပ်သား ကြက်သွန်နီ ၃ လုံး ဆီ အနည်းငယ် ဆား အနည်းငယ် ဖြစ်ပါတယ်။ ပြုလုပ်ပုံအဆင့်အဆင့် မန်ကျီးရွက်များကို အရိုးရင့်များနဲ့ အရွက်ကြမ်းများဖယ်၍ ရေဆေးပြီးစစ်ထားပါ။ ဒယ်အိုးထဲတွင် ရေကို ပွက်ပွက်ဆူအောင်တည်ထားပါ။ ရေပွက်ပွက်ဆူပါက အဆိုပါအိုးထဲသို့ ရေစစ်ထားသော မန်ကျီးရွက်များကို ထည့်၍ နူးအိသည်အထိ ပြုတ်ပါ။ ထို့နောက် မန်ကျီးရွက်များဆယ်ယူ၍ ရေစစ်ထားပါ။ ကြက်သွန်နီအခွံခွာ၍ ပါးပါးလှီးပါ။ ထို့နောက် ကြက်သွန်နီများ မမွန်စေရန်(မစပ်စေရန်) ရေဖြင့် နယ်၍ ဆေးပြီး…
Read more

ကင်းပုံသီးမျှစ်ကြော်

ကင်းပုံသီးမျှစ်ကြော်

ကင်းပုံသီးဆိုရင် အချိုနဲ့အခါးဆိုပြီး (၂)မျိုးရှိပါတယ်။ ကင်းပုံသီးအခါးမျိုးက မြန်မာ့ဆေးကျမ်း များရဲ့‌ဖော်ပြချက်အရ  အလွန်ခါးတယ်၊ အေးပြီး ဝမ်းသက်စေတယ်၊ ချောင်းဆိုးသွေးအန်ခြင်းနှင့် သွေးကျခြင်းကိုပျောက်စေတယ်၊ ခန္ဓာကိုယ်ကြီးထွားသန်မာမှု၊ အရိုးနှင့်သွားများတည်ဆောက်မှု ကို အားပေးတယ်၊ အာရုံကြောများကို လန်းဆန်းစေတယ်၊ သလိပ်နှင့်လေကိုကြေစေတယ်၊ ဆီးချိုရောဂါရှိသူများနဲ့ သင့်လျော်တယ်၊ အညစ်အကြေး ဆီး ၊ဝမ်းများကို သက်စေတယ်လို့ ဖော်ပြ ထားတာကိုတွေ့ဖူးပါတယ်။ အခုချက်မည့် ကင်းပုံသီးမျှစ်ကြော်မှာတော့ ကင်းပုံသီးအခါးကိုပဲ အသုံးပြုသွားမှာပါ။ အစာလည်း ဆေး၊ ဆေးလည်းအစာဆိုသလိုနှုတ်မြိန်ပြီး ဆေးဖက်လည်းဝင်ပြီး စားလို့မြိန်မည့် ကင်းပုံသီးမျှစ် ကြော်ချက်နည်းလေးကို တင်ပြလိုက်ပါတယ်နော်။ ကင်းပုံသီးမျှစ်ကြော်ချက်ဖို့ဆိုရင် လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကင်းပုံသီး (အခါး) ၁၂ လုံးခန့် မျှစ် ၂ ချောင်း ပုဇွန်ခြောက် (အကောင်ကြီး ၆ ကောင်ခန့်) ငရုတ်သီးမှုန့် ဟင်းစားဇွန်း ၁…
Read more

သရက်ချဉ်သုပ်

သရက်ချဉ်သုပ်

  သရက်သီးအစိမ်းတွေ ပေါများနေတဲ့အချိန်မှာ တာရှည်ခံအောင်လို့ သရက်ချဉ်ပြုလုပ်ထားလေ့ ရှိကြပါတယ်။ သရက်ချဉ်ကို အချို့ကလည်း ပဲကျက်မှုန့်တို့ ငရုတ်သီးဆီချက်တို့နဲ့ သုပ်စားလေ့ ရှိကြပါတယ်။ ဒီနေ့မှာတော့ သရက်ချဉ်ကို ကြက်သွန်နီ၊ ငရုတ်သီးစိမ်းလေးနဲ့ ဆီရွှဲရွှဲလေးဆမ်း    ပြီး သုပ်စားတဲ့နည်းလေးကို မျှဝေချင်ပါတယ်။ သရက်ချဉ်သုပ်ရန်အတွက်လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ သရက်ချဉ် ဟင်းစားဇွန်း(၁)ဇွန်းခန့် ကြက်သွန်နီ(၁)လုံး ငရုတ်သီးစိမ်း(၃)တောင့် ဆား ဟင်းချိုမှုန့် သို့မဟုတ် ကြက်သားမှုန့်အနည်းငယ် ဆီ ဟင်းစားဇွန်း(၃)ဇွန်း ပြုလုပ်ပုံအဆင့်ဆင့် သရက်ချဉ်ကို သဲနှင့် ဆားရည်များမပါရှိစေရန် ရေဆေးပါ။ ကြက်သွန်နီကို အခွံနွှာ၍ ပါးပါးလှီးပါ။ ငရုတ်သီးစိမ်းများ ပါးပါးလှီးထားပါ။ သရက်ချဉ်သုပ်မည့်ပန်းကန်ထဲသို့ ပါးပါးလှီးထားသော ကြက်သွန်နီ၊ငရုတ်သီးစိမ်းနှင့် သရက်ချဉ်တို့ကိုထည့်ပြီး ဆား၊ ဟင်းချိုမှုန့် ၊ဆီတို့ဖြင့် နှံ့စပ်အောင် လက်ဖြင့် ဖိချေပြီးနယ်ပါ။(သရက်ချဉ်သည် မူလတွင် ဆားဖြင့် စိမ်ထားခြင်းကြောင့်…
Read more

ခရမ်းချဉ်သီးငပိချက်

ခရမ်းချဉ်သီးငပိချက်

ငပိကတော့ မြန်မာလူမျိုးတွေရဲ့ နှစ်သက်ခုံမင်တဲ့ အစားအစာတစ်ခုပါ။ ငပိချက်ကို အသား ငါး၊ အသီးအနှံတွေနဲ့လည်း ရောပြီး ချက်စားလေ့ရှိကြပါသေးတယ်။ မြန်မာလူမျိုးတွေ နိုင်ငံခြား ကို ရောက်နေပြီဆိုရင်တော့  မြန်မာပြည်ရဲ့ဘယ်အစားအစာကို အလွမ်းဆုံးလဲဆိုရင် ငပိချက်၊ ငပိရည်၊ လက်ဖက်သုပ်၊ မုန့်ဟင်းခါးစသဖြင့် အများစုက ဖြေကြမှာမလွဲပါဘူးနော်။ ဒီနေ့မှာ တော့ ခရမ်းချဉ်သီးငပိချက် ဆီပြန်ဟင်း ချက်နည်းလေး ဝေမျှချင်ပါတယ်။ ခရမ်းချဉ်သီး ငပိချက် အတွက် လိုအပ်မည့် ပစ္စည်းတွေကတော့- ခရမ်းချဉ်သီး(၅)လုံး ကြက်သွန်နီ(၅ )လုံး ငပိ လက်ဖက်စားဇွန်း(၁)ဇွန်းခန့် ပုဇွန်ခြောက် ဟင်းစားဇွန်း(၁)ဇွန်း ငရုတ်သီးကြမ်းမှုန့် ဟင်းစားဇွန်း(၁)ဇွန်း နံနံပင်(၅)ပင် ငရုတ်သီးအစိမ်း(၅)တောင့် ဆီ ဟင်းစားဇွန်း(၃)ဇွန်း ဆား ဟင်းချိုမှုန့် သို့မဟုတ် ကြက်သားမှုန့်တို့ လိုအပ်ပါတယ်နော်။ ပြုလုပ်ပုံအဆင့်ဆင့် ခရမ်းချဉ်သီး၊ ကြက်သွန်နီတို့ကိုရေဆေး၍ လှီးထားပါ။…
Read more