fbpx

Monthly Archives: October 2018

ထိုင်ဝမ်မုန်ညှင်းရွက်ကြော်

ထိုင်ဝမ်မုန်ညှင်းရွက်ကြော်

မြန်မာနိုင်ငံမှာ မုန်ညှင်းမျိုးစိတ်အမျိုးမျိုးရှိပါတယ်။ မုန်ညှင်းအချိုနဲ့ အခါးဆိုပြီးတော့လည်း ကွဲပြားပါသေးတယ်။ ဒီနေ့တင်ပြမည့် မုန်ညှင်းကတော့ အရပ်ထဲမှာအလွယ်ခေါ်ကြတဲ့ ထိုင်ဝမ်မုန်ညှင်းရွက်ကြော်ပဲဖြစ်ပါတယ်။သားသတ်လွတ်ဟင်းလျာအနေနဲ့လည်း စားသုံးနိုင်မှာဖြစ်ပါတယ်နော်။ ထိုင်ဝမ်မုန်ညှင်းရွက်ကြော်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့- မုန့်ညင်း ၁ စည်း ကြက်သွန်နီ ၁ လုံး ဆီ ဟင်းစားဇွန်း ၁ ဇွန်း ဆား အနည်းငယ် အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့်အနည်းငယ် ငရုတ်သီးစိမ်း ၅ တောင့် လိုအပ်မှာဖြစ်ပါတယ်။ ပြုလုပ်ပုံအဆင့်အဆင့် မုန့်ညင်းအခက်များကို တစ်ဖတ်ချင်းခွာ၍ ရေဖြင့် သေချာစွာ ဆေး၍ လှီးဖြတ်ထားပါ။ အခက်အလက်တွေကြားထဲမှာသဲတွေပါတတ်လို့ပါနော်။ ကြက်သွန်နီကို အခွံခွာ၍ ရေဆေးပြီး ပါးပါလှီးထားပါ။ ငရုတ်သီးစိမ်းများကို နှစ်ခြမ်းခြမ်းထားပါ။ မုန့်ညင်းကြော်မည့် ဒယ်အိုးထဲသို့ ဆီထည့်ပါ။ ဆီပူလာပါက လှီးထားသော ကြက်သွန်နီများ ထည့်၍ နွမ်းအောင် ကြော်ပါ။ ထို့နောက်…
Read more

ရှမ်းပြောင်းဖူးကြော်

ရှမ်းပြောင်းဖူးကြော်

ပြောင်းဖူးဆိုရင်တော့ ရှမ်းပြောင်းဖူးနဲ့ သကြားပြောင်းဖူးဆိုပြီး (၂)မျိုးရှိပါတယ်။ ရှမ်းပြောင်းဖူး ကတော့ စေးစေးလေးနဲ့ ဝါးလိုက်ရင် ထုပ်ထုပ်လေးမို့ လူကြိုက်များကြသလိုပဲ သကြားပြောင်းဖူးကလည်း နူးညံပြီး အရသာက အချိုကဲတာမို့ အကြိုက်တွေ့ကြပြန်ပါတယ်။ ဒီနေ့တော့ ရှမ်းပြောင်းဖူးလေးကို ကြက်ဥနဲ့ အပြားငယ်ပုံစံလေးလုပ်ပြီး ကြော်တဲ့နည်းလေးကို တင်ပြချင်ပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ ရှမ်းပြောင်းဖူး ၅ ဖူး သကြား ဟင်းစားဇွန်း ၁ ဇွန်း ကြက်ဥ ၁ လုံး ဆီ ၅ ကျပ်သား ဆား အနည်းငယ်တို့ပဲဖြစ်ပါတယ်။ ပြုလုပ်ပုံ အဆင့်အဆင့် ရှမ်းပြောင်းဖူးများကို အခွံခွာပြီး ပြောင်းဖူးအမွှေးများကို ဖယ်ရှားပါ။ ထို့နောက် ရေဆေးပြီး ခြစ်ဖြင့် ခြစ်ပါ။ ကြက်ဥကို ဖောက်၍ ပန်းကန်တစ်ခုထဲတွင် နှံ့စပ်အောင် မွှေထားပါ။ ထို့နောက်ခြစ်ထားသော ပြောင်းဖူးများထဲသို့  ကြက်ဥ၊…
Read more

ဝက်သားသရက်ချဉ်ဆီပျံဟင်း

ဝက်သားသရက်ချဉ်ဆီပျံဟင်း

အသားမှာဝက်၊ အသီးမှာသရက်၊ အရွက်မှာလက်ဖက်လို့တင်စားရလောက်အောင် ဝက်သားဟာ မြန်မာလူမျိုးအများစု ကြိုက်နှစ်တဲ့အသားတစ်မျိုးပါ။ ဝက်သားကို အမျိုးမျိုးချက်ပြုတ် ကြော်လှော် စားသောက်လို့ရတာကိုလည်း ဟင်းချက်ဝါသနာရှင်တွေသိရှိပြီးဖြစ်မှာပါ။ အချို့လူတွေကတော့ ဝက်သားဆိုရင် အဆီလေးနဲ့အရသာ ပိုရှိတယ်လို့ ဆိုကြပါတယ်။ ဝက်သားကို အဆီနဲ့လည်း စားချင်တယ်၊ အီမှာလည်းစိုးရိမ်ကြတဲ့သူတွေအတွက် ဝက်သားကို သရက်ချဉ်လေးနဲ့ အအီပြေအောင် ချက်စားတဲ့နည်းလေးကို ဝေမျှချင်ပါတယ်နော်။ ဝက်သား သရက်ချဉ်ချက်အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ ဝက်သား ၁၅ ကျပ်သား သရက်ချဉ် ၇ ကျပ်ခွဲသား(အထုပ်သေး (၁)ထုပ်) ငပိ အနည်းငယ် အရောင်တင်မှုန့် အနည်းငယ် ကြက်သွန်နီ ၁ လုံး ခရမ်းချဉ်သီး ၁ လုံး ဆီ ဟင်းစားဇွန်း ၅ ဇွန်းခန့် ဆား အနည်းငယ် အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့်…
Read more

ပိန်းနှဲသီးဆူးပုတ်ဟင်း

ပိန်းနှဲသီးဆူးပုတ်ဟင်း

အများအားဖြင့် ဆူးပုတ်ရွက်ကို ကြက်ဥနဲ့ကြော်ပြီးချက်စားတတ်ကြတဲ့အပြင် ဟင်းချိုအနေနဲ့ ချက်စားတတ်ကြပေမဲ့ ပိန်းနှဲသီးနုနုလေးနဲ့ ချက်စားလို့ရတယ်ဆိုတာကို ဟင်းချက်ဝါသနာရှင် များကို တင်ပြပေးချင်ပါတယ်။ ပိန်းနှဲသီး၊ ဆူးပုတ်ဟင်းလေးဟာ ဝါတွင်းကာလမှာ သားသတ် လွတ်စားတဲ့ပုဂ္ဂိုလ်များအတွက် စားသုံးလို့ရမည့် ဟင်းတစ်မယ်လည်းဖြစ်ပါတယ်နော်။ ပိန်းနှဲသီး၊ ဆူးပုတ်ဟင်းအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့- ပိန်းနှဲသီး ၂ ကွင်း ဆူးပုတ် ၂ စည်း ကြက်သွန်နီ ၁ လုံး ခရမ်းချဉ်သီး ၁ ခြမ်း အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ဆီ ဟင်းစားဇွန်း(၂)ဇွန်း ဆား အနည်းငယ် ဟင်းချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့် အနည်းငယ်လိုအပ်မှာဖြစ်ပါတယ်။ ပြုလုပ်ပုံ အဆင့်အဆင့် ပိန်းနှဲသီး၊ ဆူးပုတ်ဟင်း မချက်ခင်မှာ ပိန်းနှဲသီးကို အလယ်အူများ ဖယ်ပြီး အတုံးငယ်များတုံး၍ ရေဆေးထားပါ။…
Read more