fbpx

မန်ကျည်းသီးမှည့် အချည်ရည်

မန်ကျည်းသီးမှည့် အချည်ရည်

မန်ကျည်းသီးမှည့်အချည်ရည်ကို အသီးအရွက်တွေကို ဆန်မှုန့်နဲ့ ကြော်တဲ့ အကြော်စုံတွေမှာ တွဲဖက်စားသုံးလေ့ရှိကြပါတယ်။ ဒါ့အပြင် စာရေးသူ ငယ်စဉ်က မန္တလေးဘက်မှာရှိတဲ့ အရင် ဈေးချို တော်ကြီးဘေးနားက လမ်းဘေးမှာရောင်းတဲ့ ကြာဆံကြော်ကို မန်ကျည်းသီးမှည့်အချဉ် ရည်နဲ့ ငရုတ်သီးလှော်ထောင်းနဲ့ နယ်ပြီး စာခဲ့ဖူးတာ အမှတ်ရမိပါတယ်။ ဒါ့ကြောင့် ဟင်းချက် ဝါသနာရှင်များအနေနဲ့လည်း အခွင့်ကြုံရင်လုပ်စားကြည့်ပါ။ အချဉ်ရည်ကလည်း အစပ်အဟပ် တည့်မှသာ စားလို့ကောင်းတာမို့ မန်ကျီးသီးမှည့် အချဉ်ရည်ပြုလုပ်နည်းလေးကို မျှဝေချင်ပါတယ်။

မန်ကျည်းသီးမှည့်အချည်ရည် ပြုလုပ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းများကတော့-

  • မန်ကျည်းသီးမှည့် ဟင်းစားဇွန်း ၁ ဇွန်းခန့်
  • ဆား အနည်းငယ်
  • ထန်းလျက် အညို(သေး) ၃ လုံး
  • ကြက်သွန်ဖြူ ၅ မွှာ
  • နံနံပင် ၃ ပင်
  • ဂေါ်ဖီထုတ် အနည်းငယ်
  • ငရုတ်သီးစိမ်း ၁၀ တောင့်

ပြုလုပ်ပုံ အဆင့်အဆင့်

  1. မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေနွေးနဲ့ ၅ မိနစ်ခန့် စိမ်ထားပါ။ ရေနွေးကို ဟင်းစားဇွန်း (၃) ဇွန်းခန့်သာ ထည့်ပြီးစိမ်ပါနော်၊ ဒါမှ အချဉ်ရည်ခပ်ပျစ်ပျစ်လေးရမှာပါ။
  2. ထန်းလျက်ကို ရေအေးဖြင့် ဆေးကြော၍ ရေနွေး ဟင်းစားဇွန်း(၁)ဇွန်းခွဲခန့်ဖြင့် စိမ်ထားပါ။
  3. မန်ကျည်းသီးမှည့်အချဉ်ရည်ထဲမှာ ထည့်မဲ့ ဂေါ်ဖီထုတ်ကို ပါးပါးလှီး၍ ရေစိမ်ထားပါ။
  4. နံနံပင်မှာ ပါရှိတဲ့ အမြစ်များ၊ ရိနေသောအရွက်များ မပါရှိစေရန် ရေဖြင့် ဆေးကြော၍ ညှပ်ထားပါ။
  5. ငရုတ်သီးစိမ်းကို ရေဆေး၍ လှီးဖြတ်ထားပါ။ ကြက်သွန်ဖြူကို ထောင်းထားပါ။
  6. ရေနွေးစိမ်ထားသော မန်ကျည်းသီးမှည့်များ ပွလာပါက အနှစ်ရရှိအောင် လက်ဖြင့်နယ်၍ မန်ကျီး သီးမှည့် အဖတ်များမပါရှိစေရန် လက်ဖြင့်ညစ်၍ အဖတ်များကို ဖယ်ရှားပါ။
  7. ရေနွေးစိမ်ထားသော ထန်းလျက်ကိုဇွန်းဖြင့် ကျေညက်အောင်ချေ၍ ထန်းလျက်ရည်ထဲမှ အမှိုက်များမပါရှိစေရန် သေချာစစ်၍ မန်ကျည်းသီးမှည့်အနှစ်ထဲသို့ ပေါင်းထည့်ပါ။
  8. အဆိုပါအနှစ်ထဲသို့ ဆား၊ ၊ ထောင်းထားသော ကြက်သွန်ဖြူများ ၊ ပါးပါးလှီးထားသော ဂေါ်ဖီထုတ်၊ နံနံပင်နှင့် ငရုတ်သီးစိမ်းများကို မန်ကျည်းရည်ထဲသို့ ထည့်ပါ။
  9. ထို့နောက် အချဉ်ရည် အပျစ်၊ အကျဲပေါ်မူတည်၍ ရေနွေးဖြည့်ရန်လိုပါက ထပ်ဖြည့်ပြီး အရသာ ကို မြည်းကြည့်ပါ။ အရသာအဆင်ပြေပါက မိမိနှစ်သက်ရာ အကြော်စုံများဖြင့် တွဲဖက်စားသုံး နိုင်ပြီဖြစ်ပါသည်။

Comments are closed.