ဆိတ်သားနှပ်

ဆိတ်သားနှပ်

ပါဝင်ပစ္စည်းများ
  • ဆိတ်သား(၁၅ကျပ်သား)
  • ခရမ်းချဉ်သီး (၃)လုံး
  • ကြက်သွန်နီ (၅)လုံး
  • ငရုတ်သီးအရောင်တင်မှုန့် အနည်းငယ်
  • ဆီ ဟင်းစားဇွန်း(၅)ဇွန်း
  • ဆား အနည်းငယ်
  • အချိုမှုန့်(သို့မဟုတ်)ဟင်းခတ်မှုန့် အနည်းငယ်
  • ဂျင်း အနည်းငယ်
  • ကြက်သွန်ဖြူ (၂)လုံး
  • သံပုရာသီး တစ်စိတ်

ပြုလုပ်ပုံအဆင့်ဆင့်

ကြက်သွန်နီများကို ပါးပါးလှီးထားပါ။ချက်ပြုတ်မည့် ဆိတ်သားများကို အသင့်အတင့်လှီးဖြတ်ပါ။အညှီနံ့မနံစေရန်အတွက် လှီးဖြတ်ထားသောဆိတ်သားတုံးလေးများကို သံပုရာသီးနှင့် ပွတ်နယ်ဆေးပါ။ထို့နောက် ဆိတ်သားတုံးများကို ရေနှင့်စင်ကြယ်စွာဆေးပါ။ထို့နောက် ဆိတ်သား၊ဆား၊အချိုမှှုန့်(သို့မဟုတ်)ဟင်းခတ်မှုန့်၊ငရုတ်သီးအရောင်တင်မှုန့် အနည်းငယ်ထည့်ပြီး နယ်ပါ။နယ်ထားသောဆိတ်သားကို ပန်းကန်တစ်လုံးထဲတွင် ထည့်ထားပါ။ထို့နောက် ချက်ပြုတ်မည့် အိုးထဲသို့ ဆီ(ဟင်းစားဇွန်း၅ဇွန်း)ခန့် ထည့်ပါ။ဆီကျက်ပါက ပါးပါးလှီးထားသော ကြက်သွန်နီနှင့် ခရမ်းချဉ်သီးကို ထည့်ပြီး (၅)မိနစ်ခန့် အဖုံးအုပ်ထားပါ။ယင်းနောက် နယ်ထားသောဆိတ်သားကို ထည့်ပါ။ထို့နောက် ဆိတ်သားနူးနပ်သည်အထိ ရေအနည်းငယ်ထည့်ပြီး ချက်ပြုတ်ပါ။

No Comments Yet.

Leave a comment

You must be Logged in to post a comment.