fbpx

ကြက်သားဂွေးတောက်ချက်

ကြက်သားဂွေးတောက်ချက်

ကြက်သားကို ဆီပြန်ဟင်းတွေချက်စားရတာ ရိုးနေတဲ့ ဟင်းချက်ဝါသနာရှင်တွေအတွက် ကြက်သားဂွေးတောက်ဟင်းချက်နည်းလေးကို ဝေမျှချင်ပါတယ်နော်။ ကြက်သား ဂွေးတောက်ဟင်းရည်ဆိုရင်တော့ စားသောက်ဆိုင်တွေမှာလည်း အမျိုးသားအများစု မှာစားလေ့ရှိကြတဲ့ ဟင်းတစ်မယ်လည်းဖြစ်ပါတယ်နော်။

  • ကြက်သားဂွေးတောက်ဟင်းချက်ဖို့အတွက်ဆိုရင် -
  • ကြက်သား(၁၀)သား၊
  • ဂွေးတောက်ရွက်(၅)ကျပ်သား၊
  • ကြက်သွန်နီ(အလုံးသေး) ၅ လုံး၊
  • ခရမ်းချဉ်သီး(၁)လုံး၊
  • ကြက်သွန်ဖြူ(ဗမာ) (၅)မွှာ၊
  • ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်စားဇွန်းတစ်ဝက်ခန့်၊
  • ဆားအနည်းငယ်၊
  • ဟင်းချိုမှုန့် သို့မဟုတ် ကြက်သားမှုန့်အနည်းငယ်၊
  • ဆီဟင်းစားဇွန်း(၁)ဇွန်းတို့ လိုအပ်မှာဖြစ်ပါတယ်နော်။

ပြုလုပ်ပုံအဆင့်ဆင့်

  1. ကြက်သားများကို အတုံးငယ်များဖြစ်အောင် တုံးပြီး ရေဆေးကာ ဆားအနည်းငယ်ဖြင့် နယ်၍ နှပ်ထား ပါ။
  2. ဂွေးတောက်ရွက်ကို အရွက်ရင့်/ကြမ်းများ မပါရှိစေရန် ဖယ်၍ ရေဆေးပြီး စစ်ထားပါ။
  3. ကြက်သွန်နီ၊ ခရမ်းချဉ်သီးများ လှီးထားပါ။ ကြက်သွန်ဖြူ ထောင်းထားပါ။
  4. ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်ပြီး ဆီပူလာပါက ငရုတ်သီးအရောင်တင်မှုန့်နှင့် လှီးထားသော ကြက်သွန်နီ၊ခရမ်းချဉ်သီးတို့ဖြင့် ဆီသတ်ပါ။
  5. ထို့နောက် နှပ်ထားသော ကြက်သားထည့်၍ နှံ့စပ်အောင်မွှေ၍ ဆီပြန်လာပါက ရေဖန်ခွက်(၄)ခွက်ခန့်ထည့်ပြီး အဖုံးအုပ်၍ (၁၅)မိနစ်ခန့်တည်ထားပါ။
  6. ကြက်သားဟင်းရည်များ ပွက်ပွက်ဆူပြီး ကြက်သားနူး/မနူးမြည်းကြည့်ပါ။ ကြက်သားမနူးသေးပါက ရေ(၁)ဖန်ခွက်ခန့်ထပ်ဖြည့်၍ ဟင်းအိုးအဖုံးအုပ်ပြီး တည်ထားပါ။
  7. ကြက်သားနူးပြီး  ဟင်းရည်ရေဖန်ခွက်(၁)ခွက်ခွဲစာခန့် ကျန်ပါက ရေဆေးထား‌သော ဂွေးတောက်ရွက်များ ထည့်ပါ။(ဂွေးတောက်ရွက်အရောင် အစိမ်းရောင် မပျက်ရရှိစေရန်အတွက် ဟင်းအိုးအဖုံးမဖုံးရပါ)
  8. ထို့နောက် ထောင်းထားသော ကြက်သွန်ဖြူ၊ ဆား၊အချိုမှုန့်တို့ကို ခပ်၍ အရသာ မြည်းစမ်းကာ ဟင်းအိုးကို မီးပိတ်၍ သုံးဆောင်နိုင်မည်ဖြစ်ပါသည်။ (ဂွေးတောက်ရွက်ကို အချိန်ကြာကြာချက်ပါက အရသာပိုပြီးခါးတတ်သဖြင့် ကြက်သားထဲသို့ ထည့်ပြီး(၅)မိနစ်ခန့် ချက်ပြီးနောက် ပူပူနွေးနွေးသုံးဆောင်သင့်ပါသည်။

ကြက်သားဂွေးတောက်ဟင်းရည်နှင့် သရက်သီးစပ်ချဉ်ထောင်း၊ အာလူးအစိုကြော် တို့ကတော့ လိုက်ဖက်တဲ့ ဟင်းအတွဲလေးဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်နော်။

Comments are closed.