fbpx

Category Archives: အသုပ်မျိုးစုံ

ရှောက်သီးသုပ်

ရှောက်သီးသုပ်

ကျမတို့ မြန်မာလူမျိုးတွေဟာ ချဉ်၊ ငန်၊ စပ် အသုပ်တွေကို နှစ်သက်စွာ စားသုံးလေ့ရှိကြပါ တယ်။ လူတစ်ချို့ကလည်း စိန်၊ရွှေတွေ ဝတ်ထားလို့ သွားရည်မကျပေမဲ့ အချဉ်မြင်ရင်တော့ သွားရည်ကျတယ်လို့လည်း ပြောတတ်ကြသေးတယ်။ ကျမတို့နေ့စဉ်စားသောက်တဲ့ အစားအစာတွေဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက် တွေ ဖြစ်မှသာ ကျမတို့ရဲ့ ခန္ဓာကိုယ်ကို အထောက်အကူပြုမှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ ရှောက်သီးသုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ နေမကောင်းဖြစ်ပြီး နလန်ပြန်ထခါစ လူတွေက အစားအသောက်မစားချင်လောက်အောင် ခံတွင်းပျက်နေပြီဆိုရင် တော့ ခံတွင်းတွေ့သွားအောင် ရှောက်သီးလေးကို ချဉ် ငန် စပ်သုပ်လေး သုပ်စားလိုက် ပါလားလို့လည်း အကြံပေးလေ့ရှိကြပါတယ်။ ရှောက်သီးဟာ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်ပြီး အသီးဖြစ်ပါတယ်။ မြန်မာ ဆေးကျမ်း များ အရ ရှောက်သီးဟာနှလုံးကိုကြည်လင်စေပြီး သွေးသားကို သန့်ရှင်းစေတယ်၊ အစာကြေလွယ် စေတယ်၊ စိတ်ကိုပေါ့ပါးလန်းဆန်းစေပြီး…
Read more