fbpx

အညာငရုတ်သီးထောင်း

အညာငရုတ်သီးထောင်း

အညာဒေသဖြစ်တဲ့ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ကျေးရွာကထွက်တဲ့ငရုတ်သီးက အင်မတန်စပ်တာကြောင့် အညာဒေသမှာတော့ နာမည်ကြီးလွန်းလှပါတယ်။ စပ်လွန်းလှတဲ့ ငရုတ်သီးကို ကြက်သွန်နီနဲ့ပေါင်းပြီးထောင်းလိုက်ရင်တော့ သိပ်မစပ်တော့ဘဲ စားလို့ခံတွင်းတွေ့လှပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ ငရုတ်သီးထောင်းနည်းလေးဝေမျှချင်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့

  • ငရုတ်သီးအခြောက်တောင့် ၁၅တောင့် (ငရုတ်သီးအခြောက်တောင့် မရနိုင်ရင်တော့ ငရုတ်သီးအကြမ်းမှုန့် ဟင်းစားဇွန်း(၃)ဇွန်းခန့်ထည့်ပါ)
  • ကြက်သွန်နီ(၃) လုံး
  • ဆားအနည်းငယ်
  • ဆီ ဟင်းစားဇွန်း(၃)ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်

  1. ငရုတ်ဆုံထဲသို့ ငရုတ်သီးအခြောက်တောင့်များကို အလယ်ချိုးကြည့်ပြီး မှိုမတွေ့မှသာ ခွက်တစ်ခုထဲသို့ ထည့်၍ ရေဆေးပြီး ရေစစ်ထားပါ။
  2. ကြက်သွန်နီအခွံနွှာ၍ လေးစိတ်ခွဲထားပါ။
  3. ထို့နောက် ထောင်းမည့် ငရုတ်ဆုံထဲသို့ ရေဆေးထားသော ငရုတ်သီးခြောက်နှင့် ကြက်သွန်နီ လေးစိတ်ခွဲလှီးထားတာကို ထည့်ပါ။ ဆားထည့်ပြီး မညပ်တညက်ထောင်းပါ။

ထောင်းပြီးပါက ပန်းကန်ထဲသို့ ထည့်၍ ဆီလောင်းပြီး စားသုံးနိုင်မည်ဖြစ်ပါသည်။ ငရုတ်သီးက ကြက်သွန်နီနဲ့ ထောင်းထားတဲ့အတွက် အစပ်ကိုလျော့စေတဲ့အပြင် ဆီရွှဲရွှဲလောင်းစားမယ်ဆိုရင် အစပ်ကိုပိုလျော့စေတာကြောင့် အစပ်ကြောက်သူတွေအတွက် ပိုအဆင်ပြေမယ်ထင်ပါတယ်။ အစပ်ကြိုက်တဲ့သူတွေကတော့ ဆီမဆမ်းဘဲ စားလည်း အကြိုက်တွေ့မှာပါနော်။

Comments are closed.