fbpx

ရှမ်းပြောင်းဖူးကြော်

ရှမ်းပြောင်းဖူးကြော်

ပြောင်းဖူးဆိုရင်တော့ ရှမ်းပြောင်းဖူးနဲ့ သကြားပြောင်းဖူးဆိုပြီး (၂)မျိုးရှိပါတယ်။ ရှမ်းပြောင်းဖူး ကတော့ စေးစေးလေးနဲ့ ဝါးလိုက်ရင် ထုပ်ထုပ်လေးမို့ လူကြိုက်များကြသလိုပဲ သကြားပြောင်းဖူးကလည်း နူးညံပြီး အရသာက အချိုကဲတာမို့ အကြိုက်တွေ့ကြပြန်ပါတယ်။ ဒီနေ့တော့ ရှမ်းပြောင်းဖူးလေးကို ကြက်ဥနဲ့ အပြားငယ်ပုံစံလေးလုပ်ပြီး ကြော်တဲ့နည်းလေးကို တင်ပြချင်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့

  • ရှမ်းပြောင်းဖူး ၅ ဖူး
  • သကြား ဟင်းစားဇွန်း ၁ ဇွန်း
  • ကြက်ဥ ၁ လုံး
  • ဆီ ၅ ကျပ်သား
  • ဆား အနည်းငယ်တို့ပဲဖြစ်ပါတယ်။

ပြုလုပ်ပုံ အဆင့်အဆင့်

  1. ရှမ်းပြောင်းဖူးများကို အခွံခွာပြီး ပြောင်းဖူးအမွှေးများကို ဖယ်ရှားပါ။ ထို့နောက် ရေဆေးပြီး ခြစ်ဖြင့် ခြစ်ပါ။
  2. ကြက်ဥကို ဖောက်၍ ပန်းကန်တစ်ခုထဲတွင် နှံ့စပ်အောင် မွှေထားပါ။
  3. ထို့နောက်ခြစ်ထားသော ပြောင်းဖူးများထဲသို့  ကြက်ဥ၊ သကြား၊ ဆား အနည်းငယ်ထည့်၍ နှံ့စပ်အောင် နယ်ပါ။
  4. ၎င်းနောက် အပြားငယ်များ ပြုလုပ်၍ ရေခဲသေတ္တာထဲတွင် (၁၀) မိနစ်ခန့် ထည့်၍ နှပ်ထားပါ။
  5. (၁၀)မိနစ်ကြာနှပ်ပြီးနောက် ပြောင်းဖူးအပြားငယ်များကို ထုတ်ထားပါ။
  6. ကြော်မည့် အိုးထဲသို့ ဆီများထည့်၍ ဆီပူလာပါက ပြောင်းဖူးအပြားငယ်များကို ထည့်၍ ကြော်ပါ။ ပြောင်းဖူးအပြားငယ်များ နီဝါရောင်သန်းလာပါက ဆယ်၍ ဆီစစ်ကာ နှစ်သက်ရာ အချဉ်ရည်ဖြင့် တွဲဖက် စားသုံးနိုင်မည်ဖြစ်ပါသည်။

ရှမ်းပြောင်းဖူးကြော်ဟာ နူးညံ့တဲ့အတွက် ကလေးငယ်များနဲ့ လူကြီးမိဘများအတွက်လည်း သင့်တော်မည့် အစားအစာတစ်ခုဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Comments are closed.