ပုဇွန်ခြောက်ငရုတ်သီးကြော်

ပုဇွန်ခြောက်ငရုတ်သီးကြော်

ပါဝင်ပစ္စည်းများ
  • ကြက်သွန်နီ(၃)လုံး
  • ပုဇွန်ခြောက်အကောင်ကြီး(၁၀)ကောင်
  • ငရုတ်သီးအကြမ်းမှုန့်ထမင်းစားဇွန်း(၃)ဇွန်း
  • ဆားအနည်းငယ်
  • ဟင်းချိုမှုန့်အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

ကြက်သွန်နီကို အခွံနွှာ ရေဆေးပြီး ပါးပါးလှီးပါ။အိုးထဲကိုဆီထည့်ပါ။ဆီကျတ်လာလျှင် လှီးထားသောကြက်သွန်နီကိုထည့်ပာ။အဝါရောင်သမ်းသည်အထိ ကြော်ပါ။ပုဇွန်ခြေက်ကိုထောင်းပြီး ထောင်းထားသောပုဇွန်ခြောက်ကိုထည့်ပြီးမွှေပါ။နောက်ဆုံးတွင် ငရုတ်သီးမှုန့်ကိုထည့်ပါ။အနံမွှေးလာလျှင် အရသာကောင်းသော ငရုတ်သီးပုဇွန်ခြောက်ကြော်ကို သုံးဆောင်နိုင်ပါသည်။

Comments are closed.