ဗုံလုံသီးဝက်သားအစာသွတ်ချက်

ဗုံလုံသီးဝက်သားအစာသွတ်ချက်

ပါဝင်ပစ္စည်းများ
  • ဝက်သား(၁၀)ကျပ်သား
  • ဆားအနည်းငယ်
  • ဟင်းချိုမှုန့်(သို့) ဟင်းခပ်မှုန့်အနည်းငယ်
  • ကြက်သွန်နီ(၅)လုံး
  • ခရမ်းချဉ်သီး(၁)လုံး
  • ငရုတ်သီးအရောင်တင်မှုန့်(၁)ဇွန်း
  • ဗုံလုံသီးတစ်တောင့်
ပြုလုပ်ပုံအဆင့်ဆင့်

ဝက်သား(၁၀)သားအား နုတ်နုတ်စင်းပါ။ကြက်သွန်နီ၊ခရမ်းချဉ်သီးတို့ကိုလည်း နုတ်နုတ်စင်းပါ။ထို့နောက် ထိုအရာများကို ဆား၊ဟင်းခပ်မှုန့်တို့ဖြင့် နယ်ပါ။ ထို့နောက် ဗုံလုံသီးထဲသို့ အစာသွပ်ပါ။ဒယ်အိုးထဲသို့ဆီထည့်ပါ။ ဆီကျတ်လာလျှင် အရောင်တင်မှုန့် ထည့်ပါ။ထို့နောက် အစာသွပ်ထားသော ဗုံလုံသီးကို ထည့်ပါ။မိနစ်အနည်းငယ်မျှ အုပ်ထားပါ။ဗုံလုံသီးအိလာလျှင် အရသာရှိသော ဗုံလုံသီးအစာသွတ်ချက်ကို သုံးဆောင်နိုင်ပါပီ။

No Comments Yet.

Leave a comment

You must be Logged in to post a comment.