မန်ကျည်းရွက်အစိမ်းထောင်း

မန်ကျည်းရွက်အစိမ်းထောင်း

ပါဝင်ပစ္စည်းများ
  • မန်ကျည်းရွက် ၂ကျပ်ခွဲသားခန့်
  • ဆား အနည်းငယ်
  • ကြက်သွန်ဖြူ ၁လုံး
  • ဆီ ဟင်းစားဇွန်းတစ်ဇွန်း
  • အချိုမှုန့်(သို့မဟုတ်)ဟင်းခတ်မှုန့် အနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်

မန်ကျည်းရွက်အစိမ်းများကို အမှိုက်များ သဲများ မပါရှိစေရန် ရေဖြင့်စင်ကြယ်စွာဆေးကြောပါ။ထို့နောက် ငရုတ်ဆုံအတွင်းသို့ ဆားအနည်းငယ် ထည့်ပြီးမှ မန်ကျည်းရွက်များထည့်ပြီးထောင်းပါ။ထိုသို့ ဆားအနည်းငယ်ဦးစွာထည့် ထောင်းရခြင်းမှာ မန်ကျည်းရွက်များ မည်းမသွားစေရန် ဖြစ်ပါသည်။ထို့နောက် အချိုမှုန့်(သို့မဟုတ်) ဟင်းခတ်မှုန့် အနည်းငယ်ထည့်ပြီး ထောင်းပါ။ထို့နောက် သုံးဆောင်မည့် ပန်းကန်တစ်ခုအတွင်းသို့ မန်ကျည်းရွက်ထောင်းများကိုထည့်ပါ။ထို့နောက် ကြက်သွန်ဖြူအခွံနွှာပြီး ထည့်ပါ။ထို့နောက် ဆီအနည်းငယ်ထည့်ပြီး သုံးဆောင်နိုင်မည်ဖြစ်ပါသည်။

No Comments Yet.

Leave a comment

You must be Logged in to post a comment.