ခရမ်းသီးအစာသွပ်နှပ်

ခရမ်းသီးအစာသွပ်နှပ်

ပါဝင်ပစ္စည်းများ
  • ခရမ်းသီး (၅)လုံး
  • စိမ်းစားငပိ အနည်းငယ်
  • ပုစွန်ခြောက် (အကောင်ကြီး ၁၀ကောင်ခန့်)
  • နံနံပင် အနည်းငယ်
  • ဆီ ဟင်းစားဇွန်း(၅)ဇွန်းခန့်
  • ဆား အနည်းငယ်
  • အချိုမှုန့်(သို့မဟုတ်)ဟင်းခတ်မှုန့် အနည်းငယ်
  • ငရုတ်သီးအကြမ်းမှုန့် ဟင်းစားဇွန်းတစ်ဇွန်း
ပြုလုပ်ပုံအဆင့်ဆင့်

ပထမဦးစွာ ခရမ်းသီးများကို ရေဆေးပါ။ရေဆေးထားသော ခရမ်းသီးများကို ဓားဖြင့် လေးစိတ်စိတ်ပါ။

ပုဇွန်ခြောက်များကို ကြိတ်စက်ဖြင့်လည်းကောင်း၊ငရုတ်ဆုံဖြင့်လည်းကောင်း အမှုန့်ဖြစ်အောင် ပြုလုပ်ပါ။ပန်းကန်တစ်ခုအတွင်းသို့ ငရုတ်သီးမှုန့် အမှုန့်ပြုလုပ်ထားသော ပုဇွန်ခြောက်မှုန့် ငပိများကို နှံ့စပ်စွာနယ်ပါ။

ထို့နောက် ရေဆေးထားသော ခရမ်းသီးထဲသို့ နှံ့စပ်စွာနယ်ထားသော အစာများကို ထည့်ပါ။ထို့နောက် ချက်ပြုတ်မည့်အိုးထဲသို့ အစာသွပ်ထားသော ခရမ်းသီးများထည့်ပါ။ထို့နောက် ဆီများ၊ ရေအနည်းငယ် ထည့်ပါ။ထို့နောက် ယင်းခရမ်းသီးအိုးအား မီးပူပေါ်တင်ပြီး ချက်ပြုတ်ပါ။

ခရမ်းသီးနူးနပ်သည်အထိ ရေလိုအပ်ပါက ရေအနည်းငယ်ထည့်ပြီး ချက်ပြုတ်ပါ။ယင်းနောက် အပေါ့အငန်အတွက် ဆား ၊အချိုမှုန့်(သို့မဟုတ်) ဟင်းခတ်မှုန့် အနည်းငယ်ထည့်ပါ။ထို့နောက် ရေများခမ်းပြီး ဆီပြန်သည်အထိ ချက်ပြုတ်ပါ။အရသာအနေအထား သင့်တင့်ပြီး ဆီပြန်ပါက နံနံပင်များထည့်ပြီး အရံသင့်စားသုံးနိုင်ပြီ ဖြစ်ပါသည်။

No Comments Yet.

Leave a comment

You must be Logged in to post a comment.