ကြက်သားတိုး

ကြက်သားတိုး

ပါဝင်ပစ္စည်း
  • ကြက်သား ၁၀ သား
  • ကြက်သွန်နီ ၁၅ ကျပ်သား
  • ငရုတ်သီးအကြမ်းမှုန့် ဟင်းစားဇွန်း ၁ ဇွန်း
  • ဆီ ဟင်းစားဇွန်း ၅ ဇွန်း
  • ဆားအနည်းငယ်
  • အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့် အနည်းငယ်

 

 

 

ပြုလုပ်ပုံ အဆင့်ဆင့်

ပထမဦးစွား ကြက်သားကို နူးနပ်အောင် ပြုတ်ပါ။ ထို့နောက် ပြုတ်ထားသော ကြက်သားများ အေးပါက ငရုတ်ဆုံအတွင်းသို့ ထည့်၍ ထောင်းပါ။ ယင်းထောင်းထားသော ကြက်သားများကို ပန်းကန် တစ်ခုအတွင်းသို့ ထည့်ထားပါ။

ကြက်သွန်နီများကို အခွံနွာ၍ ရေဖြင့် စင်ကြယ်စွာ ဆေးပါ။ ထို့နောက် ယင်းကြက်သွန်နီများကို ပါးပါးလှီးထားပါ။

ကြက်သားတိုးပြုလုပ်ရန်အတွက် ဒယ်အိုးထဲသို့ ဆီများထည့်ပါ။ ဆီပူလာပါ လှီးထားသော ကြက်သွန်နီများ ထည့်ပါ။ ကြက်သွန်နီ အနည်းငယ် နွမ်းပါက ထောင်းထားသော ကြက်သားများ ထည့်ပါ။

ကြက်သွန်နီနှင့် ကြက်သားတို့ကို နှံအောင်မွှေပါ။ ထို့နောက် အနံများ မွှေးကြိုင်လာပါက ငရုတ်သီးအကြမ်းမှုန့်၊ ဆား၊ အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့်တို့ကို ထည့်ပါ။

ငရုတ်သီးအရောင်တက်လာပါ မီးပိတ်၍ ထားပြီး အပေါ့၊ အငံမည်းပါ။ အရသာ အနေအထား သင့်တင့်ပါက အသင့်စားသုံးနိုင်မည် ဖြစ်ပါသည်။

Comments are closed.