ဝက်သားသုပ်

ဝက်သားသုပ်

ပါဝင်ပစ္စည်းများ

  • ဝက်သား ၁၀သား
  • ပဲပင်ပေါက် ၅ကျပ်သား
  • သခွားသီး ၁လုံး
  • ဂေါ်ဖီထုပ် ၁စိတ်
  • ခရမ်းချဉ်သီး ၁လုံး
  • ကြက်သွန်နီ ၂လုံး
  • ငရုတ်သီးစိမ်း အနည်းငယ်
  • ကြာညို့ အနည်းငယ်
  • ဆီ ဟင်းစားဇွန်းတစ်ဇွန်း
  • ဆား အနည်းငယ်
  • အချိုမှုန့်(သို့မဟုတ်)ဟင်းခတ်မှုန့် အနည်းငယ်
  • သံပုရာသီး တစ်စိတ်

ဝက်သားသုပ်နည်း ပြုလုပ်ပုံအဆင့်ဆင့်

ချက်ပြုတ်မည့်အိုးထဲသို့ရေတစ်ဝက်ခန့်ထည့်ပါ။ ဆေးကြောထားသောဝက်သားကို အတုံးလိုက်အတိုင်းထည့်ပြီး နူးနပ်နေအောင်ပြုတ်ထားပါ။

နူးနပ်သောဝက်သားကို ပန်းကန်ထဲသို့ ဆည်ထည့်ထားပါ။အတန်ကြာပြီးနောက် ဝက်သားပြုတ်အေးပါက ပါးပါးလှီးပါ။ထို့နောက် ပဲပင်ပေါက်ကိုပြုတ်ပါ။

ပြုတ်ထားသောပဲပင်ပေါက် အနည်းငယ်နူးနပ်ပါက ပန်းကန်တစ်ခုအတွင်းသို့ ဆည်ထားပါ။(ပဲပင်ပေါက်ကို ပျော့အိသည်အထိ ပြုတ်ရန်မလိုပါ။ထို့နောက် သခွားသီးကို အခွံနွှာပြီး ရေဖြင့်စင်ကြယ်စွာဆေးပါ။

ထို့နောက် မိမိနှစ်သက်ရာပုံစံအတိုင်း လှီးဖြတ်ပါ။ယင်းနောက် ဂေါ်ဖီထုပ်ကို ပါးပါးလှီးပြီး ဆားဖြင့်ရေစိမ်ထားပါ။ထို့နောက် ခရမ်းချဉ်သီးကို နှစ်ခြမ်းခွဲပြီး အစေ့များထုတ်ပစ်ပါ။ထို့နောက် ကပ်ကြေးဖြင့်ပါးပါးညှပ်ပါ။ကြက်သွန်နီကို အခွံနွှာပြီး မိမိနှစ်သက်ရာပုံစံ ပါးပါးလှီးပါ။

 

ဝက်သားသုပ်ရန်ပြင်ဆင်ပုံ

ပန်းကန်ပြားထဲသို့ ပါးပါးလှီးထားသော ဝက်သားများထည့်ပါ။ထို့နောက် ပြုတ်ထားသော ပဲပင်ပေါက်၊လှီးဖြတ်ထားသော သခွားသီး။ခရမ်းချဉ်သီး၊ ကြက်သွန်နီ တို့ကို ထည့်ပါ။ထို့နောက် ဆားရည်စိမ်ထားသော ဂေါ်ဖီထုပ်ကို ရေဆေးပြီးထည့်ပါ။

ငရုတ်သီးစိမ်းများကို ကပ်ကြေးဖြင့် ပါးပါးလှီးပြီးထည့်ပါ။ထို့နောက် ကြာညို့၊ ဆ၊ီ ဆား ၊အချိုမှုန့်(သို့မဟုတ်)ဟင်းခတ်မှုန့် အနည်းငယ်တို့ကို ထည့်ပါ။အနံ့မွှေးစေရန် သံပုရာသီး အနည်းငယ်ညှစ်ပြီး ထည့်ပါ။ထို့နောက် ပါဝင်ပစ္စည်းများထည့်ထားသော ဝက်သားသုပ်ကို နှံ့စပ်စွာနယ်ပြီး အသင့်စားသုံးနိုင်ပါသည်။

No Comments Yet.

Leave a comment

You must be Logged in to post a comment.