မှိုနှင့် ခဝဲသီးဟင်း

မှိုနှင့် ခဝဲသီးဟင်း

ပါဝင်ပစ္စည်းများ

မှိုဖြူ သို့မဟုတ် မှိုအုန်းနက် ၁၀ သား
ခဝဲသီး အနေတော် ၁ တောင့်
ခရမ်းချဉ်သီး အနေတော် ၁ လုံး
ကြက်သွန်နီ ၁ လုံး
ဆီ ဟင်းစားဇွန်း ၁ ဇွန်း
ဆား အနည်းငယ်
ငရုတ်သီး အရောင်တင်မှုန့် အနည်းငယ်
ငရုတ်သီးစိမ်း အနည်းငယ်
ပင်စိမ်း အနည်းငယ်

ချက်ပြုတ်နည်း အဆင့်ဆင့်

မှိုကို ရေဖြင့် သုံးလေးကြိမ်ခန့် စင်ကြယ်စွာ ဆေးကြောပါ။ ရေဆေးထားသော မှိုများကို ရေစစ်၍ အနေတော် ဖြစ်စေရန် စိတ်ဖြာထားပါ။

ခဝဲသီးကို အခွံနွှာ၍ ရေဆေးပြီး အရွယ်တော် အတုံးလေးများကို လှီးထားပါ။

ကြက်သွန်နီကို အခွံနွှာ၍ ပါးပါးလှီးထားပါ။
ခရမ်းချဉ်သီးကို ရေဆေး၍ ပါးပါးလှီးထားပါ။

ချက်ပြုတ်မည့် ဟင်းအိုးထဲသို့ ဆီထည့်ပြီး ကြက်သွန်နီနှင့် ခရမ်းချဉ်သီးတို့ကို ထည့်၍ မွှေပါ။ ၎င်းနောက် ငရုတ်သီး အရောင်တင်မှုန့် အနည်းငယ်ထည့်ပါ။

၎င်းနောက် မှိုထည့်ပါ။ အဆိပ်အတောက် မဖြစ်စေရန်အတွက် အချိန်အနည်းငယ်ကြာသည်အထိ လုံးထားပါ။ ထို့နောက် ရေအနည်းငယ်ထည့်ပါ။ မှိုကို အချိန်အတော်ကြာ ချက်ပြီးနောက် လှီးထားသော ခဝဲသီးများ ထည့်ပါ။ ငရုတ်သီးနှင့် ပင်စိမ်း အနည်းငယ်ထည့်ပါ။ ဆားထည့်ပါ။

ချက်ထားသော မှိုအဆိပ်အတောက် မဖြစ်စေရန်အတွက် ကြက်သွန်ဖြူ အနည်းငယ် ထောင်း၍ ထည့်ပါ။ ယင်း မှိုဟင်းထဲမှ ကြက်သွန်ဖြူခတ်ပြီးနောက် မှိုဟင်းသည် မဲသော အရောင် ထွက်လာလျှင် စားသုံးရန် မသင့်ပါ။

Comments are closed.