ပဲနီလေးပဲဟင်း

ပဲနီလေးပဲဟင်း

ပါဝင်ပစ္စည်းများ
  • ပဲနီလေး
  • ပဲကြာဇံ
  • ကြက်သွန်နီ (၁)လုံး
  • ခရမ်းချဉ်သီး (၁)လုံး
  • ဆီ အနည်းငယ်
  • ဆနွင်းမှုန့်
  • ဆား
  • အချိုမှုန့်(သို့မဟုတ်) ဟင်းခတ်မှုန့်
ပြုလုပ်ပုံအဆင့်ဆင့်

ပဲကြာဇံကိုရေစိမ်ထားပါ။ချက်ပြုတ်မည့်အိုးထဲသို့ ဆီ(ဟင်းစားဇွန်းတစ်ဇွန်း)ခန့်ထည့်ပါ။ထို့နောက် ပါးပါးလှီးထားသော ကြက်သွန်နီ၊ဆနွင်းအနည်းငယ်ထည့်ပြီး ဆီသပ်ပါ။ယင်းနောက် ရေဆေးထားသော ပဲနီထည့်ပါ။ထို့နောက် ရေထည့်ပြီး မိနစ်အနည်းငယ်ခန့် ပြုတ်ပါ။ထို့နောက် ဆား၊အချိုမှုန့်(သို့မဟုတ်)ဟင်းခတ်မှှုန့် ထည့်ပါ။ မိနစ်အနည်းငယ်ခန့် ကြာသောအခါ ရေစိမ်ထားသော ပဲကြာဇံထည့်ပါ။ထို့နောက် မိနစ်အနည်းငယ်ခန့်ထားပါ။ယင်းနောက် ပဲနီလေးပဲဟင်းကို အသင့်စားသုံးနိုင်ပါပြီ။

No Comments Yet.

Leave a comment

You must be Logged in to post a comment.