ပဲပင်ပေါက်ငရုတ်သီးချက်

ပဲပင်ပေါက်ငရုတ်သီးချက်

ပါဝင်ပစ္စည်းများ
  • ပဲပင်ပေါက်ရှည် ဆယ့်ငါးကျပ်သားခန့်
  • ငပိ လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်
  • ငရုတ်သီးကြမ်းမှုန့် ဟင်းစားဇွန်းတစ်ဇွန်း
  • ဆား အနည်းငယ်
  • အချိုမှုန့်(သို့မဟုတ်)ဟင်းခတ်မှုန့် အနည်းငယ်
  • ကြက်သွန်နီ ၂လုံး
  • ဆီ ဟင်းစားဇွန်းတစ်ဇွန်း
ပြုလုပ်ပုံအဆင့်ဆင့်

ပဲပင်ပေါက်ရှည်များကို အပင်ရှည်ပါက ချိုးပြီးထားပါ။ယင်းပဲပင်ပေါက်များကို ရေဆေးပြီးစစ်ထားပါ။ကြက်သွန်နီများကို နွှာပြီးလှီးပါ။ဟင်းချက်မည့်အိုးထဲသို့ ဆီ၊ကြက်သွန်နီ၊ငပိ၊ငရုတ်သီးမှုန့်တို့ကို ထည့်ပြီးဆီသပ်ပါ။ထို့နောက် ရေဆေးထားသော ပဲပင်ပေါက်ရှည်များကို ထည့်ပါ။ထို့နောက် ရေအနည်းငယ်ထည့်ပြီး ချက်ပြုတ်ပါ။ရေအနည်းငယ်ခမ်းပြီး ပဲပင်ပေါက်များနူးနပ်ပါက ဆား၊အချိုမှုန့်များထည့်ပြီး အရသာအနေအထား သင့်တင့်ပါက သုံးဆောင်နိုင်မည် ဖြစ်ပါသည်။

No Comments Yet.

Leave a comment

You must be Logged in to post a comment.