မန်ကျည်းသီးထောင်း

မန်ကျည်းသီးထောင်း

ပါဝင်ပစ္စည်းများ
  • မန်ကျည်းသီးစိမ်း (၄)တောင့်
  • ငရုတ်သီးစိမ်း (၇)တောင့်
  • ငပိဖုတ် အနည်းငယ်
  • ကြက်သွန်နီ (၃)လုံး
  • နံနံပင် အနည်းငယ်
  • ဆီ အနည်းငယ်
  • ဆား အနည်းငယ်
  • အချိုမှုန့်(သို့မဟုတ်)ဟင်းခတ်မှုန့် အနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်

ထောင်းမည့်ငရုတ်ဆုံထဲသို့ ဆားအနည်းငယ် ထည့်ပြီး ရေဆေးထားသော မန်ကျည်းသီးစိမ်းထည့်ထောင်းပါ။ထို့နောက် ရေဆေးထားသော ငရုတ်သီးစိမ်းထည့်ထောင်းပါ။ယင်းနောက် ပုဇွန်ခြောက် ထည့်ထောင်းပါ။

 

 

ငပိဖုတ်ထည့်ပြီး ဆက်ထောင်းပါ။ထို့နောက် ဆားနှင့်အချိုမှုန့်(သို့မဟုတ်)ဟင်းခတ်မှုန့် တို့ကို လိုသလောက်ထည့်ပြီး ထောင်းပါ။ထို့နောက် အသင့်ဆေးထားသော ပန်းကန်ထဲသို့ ထည့်ပါ၊ယင်းနောက် ကြက်သွန်နီ၊နံနံတို့ကို ပါးပါးလှီးထည့်ပါ။

ထို့နောက် ဆီအနည်းငယ်ထည့်ပြီး အဆင်သင့်စားသုံးနိုင်ပါပြီ။

No Comments Yet.

Leave a comment

You must be Logged in to post a comment.