မြင်းခွာရွက် သုပ်နည်း

မြင်းခွာရွက် သုပ်နည်း

ပါဝင်ပစ္စည်းများ -

မြင်းခွာရွက် အရွက် ၅၀ ခန့်ပါ အစည်း ၁ စည်း
ကြက်သွန်နီ ၁ လုံး
မြေပဲဆံကြော် ဟင်းစားဇွန်း ၁ ဇွန်းခွဲခန့်
ပုဇွန်ခြောက် ဟင်းစားဇွန်း ၁ ဇွန်းခန့်
ဆား အနည်းငယ်
ကြက်သားမှုန့် သို့မဟုတ် ဟင်းချိုမှုန့် အနည်းငယ်
ဗမာကြက်သွန်ဖြူ ၃ မွှာ
ဆီ ဟင်းစားဇွန်း ၁ ဇွန်းခန့်
ဗမာ သံပုရာသီး ၁ စိပ်
ငရုတ်သီးစိမ်း ၅ တောင့်

 

မြင်းခွာရွက် သုပ်နည်း အဆင့်ဆင့် ပြုလုပ်ပုံ

မြင်းခွာရွက်ကို သဲအမှိုက်များ မပါရှိစေရန် ရေဖြင့် ၃ ကြိမ်ခန့် ဆေးကြောပါ။ ပြီးလျင်း အမြစ်များ ဖယ်ရှား၍ အရွက်နှင့် အရိုးနုများကို ရေဖြင့် စင်ကြယ်စွာ ဆေးကြောပါ။ ရေစစ်ပြီး ကတ်ကြေးဖြင့် နုတ်နုတ်ညှတ်ပါ။

ကြက်သွန်နီကို အခွံနွှာပြီး အဝိုင်းပုံစံဖြင့် ပါးပါးလှီးပါ။

ငရုတ်သီစိမ်းကို ရေဆေး၍ ကတ်ကြေးဖြင့် ညှတ်ပါ။

ကြက်သွန်ဖြူ ၃ မွှာကို အခွံနွှာ၍ ထောင်းပါ။ ပြီးရင် ကြက်သွန်ဖြူဆီချက် ချက်ပါ။ ဆီချက်အနည်းငယ်ကို ခပ်၍ ကျန်ရှိသော ဆီထဲတွင် မြေပဲဆံများကို အနံ့မွှေးလာသည်အထိ ကြော်ပါ။ ကြော်ထားသော မြေပဲဆံများ အေးပါက ကြိတ်စက်ဖြင့်လည်းကောင်း၊ ငရုတ်ဆုံတွင် လည်းကောင်း အမှုန့်ဖြစ်အောင် ပြုလုပ်ပါ။ ၎င်းနောက် ပုဇွန်ခြောက်များကို ရေဆေး၍ ကြိတ်စက်ဖြင့် လည်းကောင်း၊ ငရုတ်ဆုံဖြင့် လည်းကောင်း အမှုန့်ဖြစ်အောင် ပြုလုပ်ပါ။

မြင်းခွာရွက်သုပ်မည့် ပန်းကန်ထဲသို့ ညှတ်ထားသော မြင်းခွာရွက်များ လှီးထားသော ကြက်သွန်နီများ၊ ငရုတ်သီးစိမ်းများ၊ မြေပဲဆံမှုန့်၊ ပုဇွန်ခြောက်မှုန့် ဆားအနည်းငယ်၊ ကြက်သားမှုန့် သို့မဟုတ် ဟင်းချိုမှုန့် အနည်းငယ်နှင့် ကြက်သွန်ဖြူ ဆီချက်များ ထည့်၍ နှံ့စပ်အောင် နယ်ပါ။ ၎င်းနောက် သံပုရာ ၁ စိပ်ကို ညစ်၍ ထည့်ပါ။ ထိုအခါ အသင့်စားသုံးနိုင်သော မြင်းခွာရွတ်သုပ်ကို ရရှိမည် ဖြစ်ပါသည်။

အကျိုးကျေးဇူးများ

မြင်းခွာရွက်သည် မျက်စိကြည်လင်စေပြီး၊ ဆီးကို ရွှင်စေပါသည်။ သို့ဖြစ်၍ မိမိ မိသားစုအတွက် အကုန်အကျ သက်သာစေပြီး ကျန်းမာရေးနှင့် ညီညွတ်၍ အရသာရှိသော ခံတွင်းတွေ့စေမည့် အသုပ်တစ်မျိုး ဖြစ်ပါသည်။

No Comments Yet.

Leave a comment

You must be Logged in to post a comment.