ရွှေဖရုံသီးချက်

ရွှေဖရုံသီးချက်

ပါဝင်ပစ္စည်းများ
  • ရွှေဖရုံသီးလေးစိတ်
  • ကြက်သွန်နီ(၁)လုံး
  • ခရမ်းချဉ်သီး(၁)လုံး
  • ရှမ်းနံနံတစ်စည်း
  • ဂျင်း လက်နှစ်စစ်ခန့်
ပြုလုပ်ပုံအဆင့်ဆင့်

ဖရုံသီးကို အခွံနွှာပြီး အတွင်းမှ အစေ့နှင့် အကြောင်းများကို ဖယ်ကာ အနေတော်အတုံးလေးတွေလှီးပါ၊ထို့နောက် လှီးထားသောအတုံးများကို ရေစင်အောင် ဆေးကြောပါ။

ကြက်သွန်နီအား အခွံနွှာပြီးပါးပါးလှီးပါ။ခရမ်းချဉ်သီးအား အနေတော်လှီးပါ။

ဂျင်းတက်အားထောင်းပါ။ဟင်းစားဇွန်း(၅)ဇွန်းထည့်ပါ။

ဆီကျက်လျှင် ငရုတ်သီးအနုမှုန့်ဇွန်းဝက်ခန့်ထည့်ပါ။ လှီးထားသော ကြက်သွန်နီကို ထည့်ပါ။ ခရမ်းချဉ်သီး အိသည်ထိ မွှေပါ။ ထို့နောက် ရွှေဖရုံသီးကို ထည့်၍ မွှေပါ။

ဆားအနည်းငယ်ထည့်ပါ။ ဂျင်းထည့်ပါ။ ထို့နောက် အိအောင် အဖုံးဖြင့် အုတ်ထားပါ။ လုံးပြီး ရေအနည်းငယ်ထည့်ပါ။ ရေခမ်း၍ ဆီပြန်လာပါက ရှမ်းနံနံကို ခပ်ပါ။

ထို့နောက် ပန်းကန်တွင် ထည့်ပြီး အသင့်စားသုံးနိုင်ပါပြီ။

No Comments Yet.

Leave a comment

You must be Logged in to post a comment.