ဆိတ်သားခြောက် ခရမ်းချဉ်သီး ဆီပြန်ဟင်း

ဆိတ်သားစားချင်သော်လည်း ညှီနံ့ကြောက်လို့ ချက်မစားဖြစ်ကြတဲ့သူတွေအနေနဲ့ Ready Made ပြုလုပ်ထားတဲ့ ဆိတ်သားခြောက်ကို မီးကင်စားလို့ရတယ်၊ ကြော်စားလို့ရတယ်။ ဒါ့အပြင် ဟင်းအနှစ်နဲ့ချက်စားလို့ ရပါသေးတယ်နော်။ ဒါ့ကြောင့် ဒီနေ့မှာတော့ Ready Made ပြုလုပ်ထားတဲ့ ဆိတ်သားခြောက်ကို ခရမ်းချဉ်သီးနဲ့ ဆီပြန်ချက်စားလို့ရကြောင်းကို တင်ပြပေးမှာဖြစ်ပါတယ်။ ပါဝင်ပစ္စည်းများ ဆိတ်သားခြောက် ၈ ချောင်းခန့် ခရမ်းချဉ်သီး ၅ လုံး ကြက်သွန်နီအလုံးကြီး ၃လုံး ဗမာကြက်သွန်ဖြူ ၅မွှာ အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ဆီ ၅ ကျပ်သား ဆား အနည်းငယ် အချိုမှုန့်  သို့မဟုတ် ဟင်းခတ်မှုန့် အနည်းငယ် ပြုလုပ်ပုံအဆင့်ဆင့် ဆိတ်သားခြောက်ကို အတုံးငယ်လေးများ ဖြစ်အောင် ပါးပါးလှီးထားပြီး ရေဆေးထားပါ။ ခရမ်းချဉ်သီးကို ရေဆေး၍ လှီးထားပါ။ ဟင်းချက်တဲ့နေရာမှာ ဗမာခရမ်းချဉ်သီးနဲ့ချက်ရင် နူးအိလွယ်ပြီး သဘာဝအချဉ်ဓာတ်ကို ပိုမိုရရှိတဲ့အတွက် အအီပြေပါတယ်။ … Continue reading ဆိတ်သားခြောက် ခရမ်းချဉ်သီး ဆီပြန်ဟင်း