သရက်ချဉ်သုပ်

  သရက်သီးအစိမ်းတွေ ပေါများနေတဲ့အချိန်မှာ တာရှည်ခံအောင်လို့ သရက်ချဉ်ပြုလုပ်ထားလေ့ ရှိကြပါတယ်။ သရက်ချဉ်ကို အချို့ကလည်း ပဲကျက်မှုန့်တို့ ငရုတ်သီးဆီချက်တို့နဲ့ သုပ်စားလေ့ ရှိကြပါတယ်။ ဒီနေ့မှာတော့ သရက်ချဉ်ကို ကြက်သွန်နီ၊ ငရုတ်သီးစိမ်းလေးနဲ့ ဆီရွှဲရွှဲလေးဆမ်း    ပြီး သုပ်စားတဲ့နည်းလေးကို မျှဝေချင်ပါတယ်။ သရက်ချဉ်သုပ်ရန်အတွက်လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ သရက်ချဉ် ဟင်းစားဇွန်း(၁)ဇွန်းခန့် ကြက်သွန်နီ(၁)လုံး ငရုတ်သီးစိမ်း(၃)တောင့် ဆား ဟင်းချိုမှုန့် သို့မဟုတ် ကြက်သားမှုန့်အနည်းငယ် ဆီ ဟင်းစားဇွန်း(၃)ဇွန်း ပြုလုပ်ပုံအဆင့်ဆင့် သရက်ချဉ်ကို သဲနှင့် ဆားရည်များမပါရှိစေရန် ရေဆေးပါ။ ကြက်သွန်နီကို အခွံနွှာ၍ ပါးပါးလှီးပါ။ ငရုတ်သီးစိမ်းများ ပါးပါးလှီးထားပါ။ သရက်ချဉ်သုပ်မည့်ပန်းကန်ထဲသို့ ပါးပါးလှီးထားသော ကြက်သွန်နီ၊ငရုတ်သီးစိမ်းနှင့် သရက်ချဉ်တို့ကိုထည့်ပြီး ဆား၊ ဟင်းချိုမှုန့် ၊ဆီတို့ဖြင့် နှံ့စပ်အောင် လက်ဖြင့် ဖိချေပြီးနယ်ပါ။(သရက်ချဉ်သည် မူလတွင် ဆားဖြင့် စိမ်ထားခြင်းကြောင့် သရက်ချဉ်သုပ်တွင် ဆားကိုအနည်းငယ်သာထည့်သင့်ပါသည်) သရက်ချဉ်နှင့်ကြက်သွန်နီ ကိုပေါင်းစည်းသွားအောင် နှံ့စပ်အောင် … Continue reading သရက်ချဉ်သုပ်