ပြောင်းဖူးကြော်

ပြောင်းဖူးကြော်

ပါဝင်ပစ္စည်းများ
  • သကြားပြောင်းဖူး(၂)ဖူး
  • ကြက်ဥ(၃)လုံး
  • ကြက်သွန်နီ(၁)လုံး
  • ဆားအနည်းငယ်
  • ဆီအနည်းငယ်

 

 

ချက်ပြုတ်ပုံအဆင့်ဆင့်

ချက်ပြုတ်မည့်အိုးထဲသို့ ဆီထည့်ပါ။ဆီကျတ်လာလျှင် ကြက်သွန်နီထည့်ပြီး ဆီသတ်ပါ။ပြောင်းဖူးကို လှီးပြီး ကြိတ်စက်ထဲသို့ ရေအနည်းငယ်ထည့်ကာ ထည့်ကြိတ်ပါ။ကြိတ်ထားသောပြောင်းဖူးကို ဒယ်အိုးထဲသို့ ထည့်ပြီးမွှေပါ။မိနစ်အနည်းငယ်ကြာအောင် မွှေပါ။အဝါရောင်သမ်းလာလျှင်ကြက်ဥကို ထည့်ပြီးမွှေပါ။ ဆားအနည်းထည့်ပါ။ထို့နောက် မိနစ်အနည်းငယ်ခန့်မျှထားပြီး နံနံပင်ထည့်ကာ အရသာရှိသော ပြောင်းဖူးကြော်ကို သုံးဆောင်နိုင်ပာပီ။

မှတ်ချက်။ ။သကြားပြောင်းဖူးမှ သဘာဝအချိုဓာတ်ရှိဖြစ်သဖြင့် ဟင်းချိုမှုန့် ထည့်ရန်မလိုပါ။

No Comments Yet.

Leave a comment

You must be Logged in to post a comment.