fbpx

အာလူးကတ်သလိပ်ကြော်

အာလူးကတ်သလိပ်ကြော်

အာလူးကို အသားနဲ့ ရောပြီး ချက်တယ်၊ သုပ်စားကြတဲ့အပြင် ကြော်နည်းအမျိုးမျိုးနဲ့ကြော်စားကြတဲ့အထဲမှာမှ အာလူးကတ်သလိပ်ကြော်နည်းလေးကို ဝေမျှချင်ပါတယ်။ အာလူးကတ်သလိပ်ကြော်ကို သတ်သတ်လွတ်ဟင်းအနေနဲ့စားလို့ရတဲ့အပြင် ကိုယ့်ရဲ့ သားသား မီးမီးလေးတွေကိုလည်း သွားရည်စာအနေနဲ့ ကျွေးလို့ရပါတယ်နော်။

ပါဝင်ပစ္စည်းတွေအနေနဲ့ကတော့

အာလူး ၂၅ ကျပ်သား
ဂျုံမှုန့် ဟင်းစားဇွန်း ၃ ဇွန်း
ဆား အနည်းငယ်
ဆီ ၁၀ သား

ပြုလုပ်ပုံ အဆင့်အဆင့်

အာလူးများကို ရေဖြင့် စင်ကြယ်စွာ ဆေးကြော်၍ ပြုတ်ပါ။
ထို့နောက် ပြုတ်ထားသော အာလူးများကို အခွံနွှာ၍ ထောင်းပါ။
ထောင်းထားသော အာလူးများကို ဆား၊ ဂျုံမှုန့် အနည်းငယ်တို့ဖြင့် နှံ့စပ်အောင် နယ်ပါ။
ထို့နောက် အပြားငယ်များ ပြုလုပ်ကာ ဂျုံမှုန့်များဖြင့် လိမ်းကျံ၍ ပန်းကန်တစ်ခုအတွင်းသို့ ထည့်ထားပါ။
ကြော်မည့်အိုးထဲသို့ ဆီများထည့်ပါ။
ဆီကျက်ပါက အားလူးအပြားငယ်များကို နီဝါရောင်သန်းသည်အထိ ကြော်ပါ။
ထို့နောက် နီဝါရောင် သန်းလာပါက ဆယ်ယူ၍ ဇကာဖြင့် ဆီစစ်ထားပါ။
ဒါဆိုရင်တော့ အာလူးကတ်သလိပ်ကြော်ကို နှစ်သက်ရာအချဉ်နဲ့ တွဲဖက်စားသုံးနိုင်ပြီဖြစ်ပါပြီနော်။ အညာဒေသမှာတော့ မန်ကျီးမှည့်အချဉ်ရည်လေးနဲ့ စားသုံးလေ့ရှိကြပါတယ်။ မန်ကျီးမှည့်ဟာ သဘာဝအချဉ်ဖြစ်လို့ နွေရာသီမှာဆိုရင် မန်ကျီးမှည့်နဲ့ ထန်းလျက်နဲ့ ဖျော်သီး မန်ကျီးဖျော်ရည်အဖြစ် ဆေးဝါးအနေနဲ့ရော ဖျော်ရည်တစ်မျိုးအနေနဲ့ပါ သောက်သုံးလေ့ရှိကြပါတယ်။ အခု အာလူးကတ်သလိပ်ကြော်နဲ့ တွဲဖက်စားသုံးနိုင်တဲ့ အချဉ်ရည်ကိုတော့ မန်ကျီးမှည့်နဲ့ ထန်းလျက်နဲ့ ပြုလုပ်ထားတဲ့ အချဉ်ရည်လေးနဲ့ တွဲဖက်စားသုံးမယ်ဆိုရင် အစာလည်းဆေး ဆေးလည်းအစာဖြစ်မှာမို့ လုပ်စားကြည့်ကြဖို့ တိုက်တွန်းပါတယ်နော် 😀 😀

Comments are closed.