ပဲလှော်ကြော်

ပဲလှော်ကြော်

ပါဝင်ပစ္စည်းများ
  • ဆီ ဟင်းစားဇွန်း(၃)ဇွန်း
  • ပဲနီလှော် နို့ဆီဘူးဝက်ခန့်
  • ကြက်သွန်ဖြူ (၂လုံး)
  • ဆား အနည်းငယ်
  • အချိုမှုန့်(သို့မဟုတ်) ဟင်းခတ်မှုန့် အနည်းငယ်

 

 

 

ပြုလုပ်ပုံအဆင့်ဆင့်

ကြက်သွန်ဖြူများ အခွံနွှာပြီး ထောင်းပါ။

ကြော်မည့်အိုးထဲသို့ ဆီများထည့်ပါ။ဆီကျက်ပါက ပဲနီလှော်များထည့်ပါ။အနည်းငယ်နှံ့စပ်အောင်မွှေပြီးပါက ထောင်းထားသော ကြက်သွန်ဖြူအားထည့်ပြီးမွှေပါ။

ထို့နောက် ဆား၊အချိုမှုန့်(သို့မဟုတ်)ဟင်းခတ်မှုန့် အနည်းငယ်ထည့်ပါ။ကြက်သွန်ဖြူများ ရွှေဝါရောင်သန်းလာပါက ဒယ်အိုးချပြီး အသင့်စားသုံးနိုင်ပါပြီ။

No Comments Yet.

Leave a comment

You must be Logged in to post a comment.