ကြက်သားဆီပြန်ဟင်း

ကြက်သားဆီပြန်ဟင်း

ပါဝင်ပစ္စည်းများ
  • ကြက်သား(၁၅)ကျပ်သား
  • ခရမ်းသီးချဉ်သီး(၁)လုံး
  • ကြက်သွန်နီ(၅)လုံး
  • ဆီဟင်းစားဇွန်း(၃)ဇွန်း
  • ဆားအနည်းငယ်
  • ဟင်းခပ်မှုန့်အနည်းငယ်
  • ငရုတ်သီးအရောင်တင်မှုန့် အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

ကြက်သားကို အရွယ်တော်အတုံးများဖြစ်အောင် လှီးပါ။ထို့နောက် ကြက်သားကို ရေစင်အောင်ဆေးကြောပါ။ကြက်သားကို ဆား၊ဟင်းခပ်မှုန့်၊ငရုတ်သီးအရောင်တင်မှုန့်တို့ဖြင့် နယ်ပါ။ထို့နောက် ချက်ပြုတ်မည့်အိုးထဲသို့ ဆီထည့်ပါ။ဆီကျတ်လာလျှင် ငရုတ်သီးအရောင်တင်မှုန့်၊ကြက်သွန်နီ၊ခရမ်းချဉ်သီးတို့ဖြင့် ဆီသတ်ပါ။ထို့နောက် နယ်ထားသော ကြက်သားကိုထည့်ပာ။မိနစ်အနည်းငယ်ကြာလျှင် ရေအနည်းငယ်ထည့်ပါ။ဆီပြန်လာပြီးကြက်သားအိလာလျှင် အရသာရှိသော ကြက်သားဆီပြန်ဟင်းကို သုံးဆောင်နိုင်ပာပီ။

No Comments Yet.

Leave a comment

You must be Logged in to post a comment.