ဘူးရွက်ဟင်းချို

ဘူးရွက်ကို သာမန်အားဖြင့် ကြော်စားတတ်ကြလေ့ရှိကြပါတယ်။ ကျမတို့ အညာဒေသ အထူးသဖြင့် မုံရွာနယ်ဘက်မှာ ချက်စားလေ့ရှိတဲ့ ဘူးရွက်ဟင်းချို ချက်နည်းလေးကို ဟင်းချက်ဝါသနာရှင်များအတွက် ဝေမျှချင်ပါတယ်။ ဘူးရွက်ဟင်းချိုကတော့ ချက်ရတာလည်း လွယ်ကူသလို ဆီပါဝင်မှုလည်း နည်းပါတာမို့လို့ ကျန်းမာရေးအတွက်လည်း ပိုပြီးသင့်တော်ပါတယ်နော်။ ဘူးရွက်ဟင်းချို ချက်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ – ဘူးရွက်(၂)စည်း နံနံပင်(၁)တစ်စည်း ငပိ မန်ကျည်းစေ့ခန့် ပုဇွန်ခြောက် လက်ဖက်စားဇွန်း(၁)ဇွန်း ကြက်သွန်နီ(၁)လုံး ဆားအနည်းငယ် ဟင်းခပ်မှုန့် (သို့) ဟင်းချိုမှုန့်အနည်းငယ် ဆီ ထမင်းဇွန်း(၁)ဇွန်း ပြုလုပ်ပုံအဆင့်ဆင့် ပထမဆုံးအနေနဲ့ ဘူးရွက်ကို အရိုးရင့်များ၊ အရွက်ကြမ်းများကို ဖယ်ရှားပါ။ ဈေးကဝယ်လာတဲ့ ဘူးရွက်တွေမှာလည်း ဘူးသီးအနုအသေးလေးတွေလည်းပါလာတတ်တာမို့ အဲ့ဒီအသီးနုလေးတွေလည်း ထည့်ချက်လို့ရပါတယ်နော်။ ဒါ့အပြင် နှာမောင်းတံ(ဘူးနွယ်)လေးတွေကိုလည်း ထည့်ပြီးချက်လို့ရပါတယ်နော်။ ဘူးရွက်၊ ဘူးညွန့်များ သင်ပြီးရင်တော့ ရေဆေးပြီး စစ်ထားပါ။ နံနံပင်ကို အမြစ်များ၊ သဲများ၊ အမှိုက်များ မပါရှိအောင် … Continue reading ဘူးရွက်ဟင်းချို